Snapchat ဟာ AI အသစ်ဖြစ်တဲ့ Dreams ကို ဖန်တီးနေကြောင်း သိရှိရ

Snapchat ဟာ My AI ကို ဒီနှစ်အစောပိုင်းတုန်းက ChatGPT ဆီမှ ဝယ်ယူခဲ့ပြီးနောက် အခုအခါမှာတော့ Dreams ဆိုတဲ့ AI ကို ဖန်တီးနေကြောင်း သိရှိရပါတယ်။

Dreams ဆိုတာကတော့ ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်မယ့် AI အမျိုးအစား တစ်ခုဖြစ်ကြောင်း သိရပြီး လက်ရှိမှာတော့ စမ်းသပ်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။ App သုတေသီ နဲ့ Developer Steve Moser က ကုမ္ပဏီမှာ Feature အသစ်တစ်ခုကို စမ်းသပ်နေပြီး အသုံးပြုသူများဟာ Snapchat မှာ တစ်ပုံရိုက်ခြင်း သို့မဟုတ် ဓာတ်ပုံတင်ခြင်းပြုလုပ်ရာမှာ ၎င်း Feature အသစ်ကို အသုံးပြုကာ ဓာတ်ပုံတွေကို လိုသလို ပြုပြင်နိုင်မှာ ဖြစ်ကြောင်း ပြောပြထားပြီး အခုလက်ရှိ App Store ပေါ်မှာရှိနေတဲ့ အခြား AI Photo Apps တွေနဲ့ ပုံစံတူတူပဲလို့ ရှင်းပြထားပါတယ်။

Snapchat ရဲ့ Dreams ကိုအသုံးပြုပြီး Selfies ပုံတွေကို ပြုပြင်နိုင်မှာ ဖြစ်သော်လည်း Snapchat ရဲ့ သဘာဝအတိုင်း ရိုးရှင်းပြီး ပျင်းစရာကောင်းတဲ့ ပုံမျိုးထက် အံ့သြဖွယ်ကောင်းတဲ့ နေရာများနဲ့ မြင်ကွင်းမျိုးကို အသားပေးဖန်တီးပေးမှာ ဖြစ်ကြောင်းလည်း Moser က ပြောပြထားပါတယ်။ Snapchat ရဲ့ Dream ကို Dream Packs ဆိုပြီး ထုတ်လုပ်ပေးမှာ ဖြစ်ကာ ဝယ်ယူအသုံးပြုရမယ်လို့လည်း သိရှိရပါတယ်။ ထူးခြားချက်က ဒီ Feature ဟာ Monetizable Feature ဖြစ်လာနိုင်တယ်လို့လည်း သိရှိရပါတယ်။

Selfies ပုံကို တစ်ဦးတည်း မရိုက်ချင်ပဲ သူငယ်ချင်းနဲ့ တွဲပြီးရိုက်ချင်သူများအတွက် Dreams with Friends ကိုလည်း ဖန်တီးပေးထားကြောင်း Moser က ပြောပြထားပါသေးတယ်။ Dreams with Friends နဲ့ (၂) ယောက်တွဲပုံကို ပြုပြင်ချင်ရင် တွဲရိုက်ထားတဲ့ သူငယ်ချင်းဆီက ခွင့်ပြုချက်တောင်းဖို့ လိုအပ်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ လက်ရှိမှာတော့ အခုပြောပြခဲ့တဲ့ Snapchat ရဲ့ Dream Packs ရော Dreams with Friends ရောဟာ စမ်းသပ်နေဆဲ Features တွေဖြစ်သလို ဘယ်အချိန်မှာ ထုတ်ပေးမလဲ မသိရသေးပေမယ့် ရင်ခုန်လို့ရအောင် တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Exit mobile version