Snapchat က စီးပွားရေးလုပ်ငန်းများအတွက် ‘AR Mirror’ ဆိုတဲ့ Shopping Suite Tool တစ်ခုကို ချပြ

Snapchat က စီးပွားရေးလုပ်ငန်းများ အတွက် ၎င်းတို့ရဲ့ AR Enterprise Services (ARES) နည်းပညာကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်ထားကြောင်း ကြေညာခဲ့ပါတယ်။ Company က သူတို့ရဲ့ Partner Summit မှာ AR Try-On ဆိုတဲ့ Application တစ်ခုနဲ့ Product များကို 3D ပုံစံနဲ့ စမ်းသပ်ကြည့်ရူနိုင်မယ့် AR Technology Tools များ ပါဝင်တဲ့ Shopping Suite တစ်ခုကို ပြသခဲ့ပါတယ်။

Image;Snapchat

မိမိ စီးပွားရေးလုပ်ငန်းများ ရဲ့ Website ဒါမှမဟုတ် Application များတွင် သူတို့ရဲ့ AR နည်းပညာသုံး Shopping Suite ကိုထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ကြောင်း Company ကပြောကြားခဲ့ပါတယ်။ နောက်ပြီး Product များကို ဝယ်ယူတဲ့ အခါ 3D View အနေနဲ့ အရင်ဆုံး စမ်းသပ်ကြည့်ရူနိုင်မယ့် AR Mirrors ဆိုတဲ့ Feature တစ်ခုကိုလဲ ချပြခဲ့ပါတယ်။ Men’s Wearhouse နှင့် Nike တို့က AR Mirrors နည်းပညာကို စမ်းသပ်ခဲ့ပြီး လက်ရှိမှာ Men’s Wearhouse က သူတို့ရဲ့ Store တွေမှာ AR Mirrors နည်းပညာကို အသုံးပြုနေပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ Snapchat က Coca-Cola Company နဲ့ ပူးပေါင်းကာ Coca-Cola စက်တွေမှာ 3D View အနေနဲ့ တွေ့ရမယ့် AR-Enabled Vending Machine တွေကို မကြာခင်ပြသမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Exit mobile version