Angry Birds ကုမ္ပဏီကို SEGA က ဝယ်ယူဖို့ နီးစပ်

၂၀၀၉ ခုနှစ်လောက်မှာ အောင်မြင်ခဲ့တဲ့ Angry Birds Game ရဲ့ မိခင်ကုမ္ပဏီ Rovio Entertainment ကို SEGA က ဝယ်ယူမလို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံ အခြေစိုက် Game ကုမ္ပဏီဖြစ်တဲ့ SEGA ဟာ Angry Birds Game ရဲ့ မိခင်ကုမ္ပဏီ Rovio Entertainment ကို ဒေါ်လာ ၁ဘီလီယံနဲ့ ဝယ်ယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အားလုံးသိကြတဲ့ Angry Birds Game ဟာ ၂၀၀၉ ခုနှစ်လောက်မှာ လူငယ်တွေအတွက် အသဲစွဲ Game တစ်ခုဖြစ်ခဲ့ပြီး အရမ်းကို အောင်မြင်ခဲ့ပါတယ်။ ၁ ဘီလီယံသော Download List ကို အမြန်ဆုံးပြည့်တဲ့ Game တစ်ခုဖြစ်ခဲ့လို့လည်း Guinness World Records ထဲ မှတ်တမ်းဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ Game တစ်ခုဆိုလည်း မမှားပါဘူး။

Angry Birds

ဒီလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ Angry Birds Game ဟာ ၂၀၁၄ ခုနှစ် လောက်ကစလို့ အရှုံးတွေပေါ်လာခဲ့တာ တွေ့ရပါတယ်။ Candy Crush တို့လိုမျိုး ပြိုင်ဘက် Game တွေ ထွက်လာပြီးနောက်ပိုင်း Angry Birds ကို လူတွေက စိတ်ဝင်စားမှုကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရယူဖို့အတွက် ၂၀၁၆ ခုနှစ်မှာ Angry Birds ရုပ်ရှင်ကို ဖန်တီးခဲ့ပါတယ်။ သို့ပေမယ့် ထင်သလောက် အောင်မြင်မှုမရခဲ့ပါဘူး။ ဒီလိုကံမကောင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ Angry Birds ဟာ ၂၀၁၉ ခုနှစ်မှာတော့ Google Play Store မှ ထွက်ခွာသွားကာ Apple Store မှာလည်း Red’s First Flight ဆိုတဲ့ နာမည်ကို ပြောင်းရတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။

ဒီလိုမျိုး ကျရှုံးနေတဲ့ Angry Birds Game ကို SEGA က ဒေါ်လာ ၁ ဘီလီယံအထိ ပေးဝယ်ဖို့ လုပ်နေတယ်ဆိုတာတော့ ထူးဆန်းမှုတစ်ခုပဲ ဖြစ်ပါတယ်။ SEGA အနေနဲ့ လူတွေ သတိမေ့နေတဲ့ Angry Birds ကို ပြန်ပြီး အသက်သွင်းမလို့ ဝယ်ယူဒါလား? ဒါမှမဟုတ် Angry Birds Charactor ကို အသုံးပြုချင်တဲ့ နေရာရှိနေလို့လား? ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။ Angry Birds ကို ဝယ်ယူမလို့ ကြိုးစားခဲ့တာ SEGA တစ်ခုထဲမဟုတ်ပါဘူး။ အစ္စရေး developer Playtika ကလည်း ဒေါ်လာ ၈၀၀ မီလီယံနဲ့ ဝယ်ယူမလို့ ကြိုးစားခဲ့ပြီး မတ်လမှာ ဝယ်ယူမှုပျက်သွားတယ်လို့ သိရပါတယ်။

Exit mobile version