လုံခြုံရေး Feature အသစ် ပါဝင်လာတဲ့ ဒုတိယအကြိမ်မြောက် iOS 17.3 Beta

Apple ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက iOS 17.3 Beta Version ကို ဒုတိယအကြိမ်မြောက် ထုတ်ပေးခဲ့တာဖြစ်ပြီး ၎င်းနဲ့အတူ အခြားသော Software Update တွေကိုလည်း ထုတ်ပေးခဲ့ပါတယ်။

ပထမဦးဆုံး ထွက်ရှိထားတဲ့ iOS 17.3 Beta မှာ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိခဲ့ပဲ Bug ဖြစ်နေတဲ့ ဟာတွေကို သီးသန့်ပြန်လည် ပြုပြင်ပေးတဲ့ သဘောဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ်မြောက်မှာတော့ Secure Device Protection လို့ခေါ်တဲ့ Feature အသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ၎င်း Feature ဟာ အသုံးပြုသူများရဲ့ ဖုန်းကို လုံခြုံရေးနောက်တစ်ဆင့် မြှင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

iOS ဖုန်း အသုံးပြုသူဟာ Secure Device Protection ကို ဖွင့်ထားရင် ဖုန်းခိုးခံရခြင်းနှင့် ဖုန်း Password ခိုးခံရခြင်းတို့ ဖြစ်ပွားခဲ့ရင်တောင် အသုံးပြုသူရဲ့ အချက်အလက်များကို ခိုးယူလို့မရအောင် နောက်ထပ်လုံခြုံရေးတစ်ဆင့် ကာထားပေးနိုင်မှာ ဖြစ်ပါတယ်။ ၎င်းလုံခြုံရေးအဆင့်ကို ဖယ်ရှားနိုင်ဖို့ အသုံးပြုသူရဲ့ FaceID (သို့မဟုတ်) TouchID ကို လိုအပ်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဖုန်းခိုးခံထိသွားရင်တောင်မှ အသုံးပြုသူရဲ့ ဖုန်းထဲရှိ အချက်လက်များကို ခိုးယူနိုင်မှာ မဟုတ်သလို AppleID ကိုတောင်မှ ပြောင်းလဲလို့ ရတော့မှာ မဟုတ်ပါဘူး။

ဒီ Feature ဟာ အရမ်းအသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပေမယ့် iOS အတွက်သာ သီးသန့်ဖြစ်လို့ အခြား Apple Devices တွေအတွက်တော့ ဝမ်းနည်းစရာ ဖြစ်ပါတယ်။ သို့ပေမယ့် iOS 17.3 Beta Version အသစ်နဲ့အတူ macOS 14.3 ၊ watchOS 10.3 နှင့် tvOS 17.3 တို့ရဲ့ Beta Version တွေကို Developers များအတွက် ထုတ်ပေးလိုက်ပြီ ဖြစ်တာကြောင့် ၎င်း Beta Version တွေမှာ ဘယ်လိုပြောင်းလဲမှုတွေ ပါဝင်လာအုံးမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version