Samsung ဟာ ၂၀၂၆ ခုနှစ်အတွက် အကောင်းဆုံး Budget ဖုန်းနဲ့ Tablet ဖြစ်တဲ့ Galaxy A17 5G နဲ့ Galaxy Tab A11+ တို့ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
Galaxy A17 5G ကို ဇန်နဝါရီလ ၇ ရက်နေ့မှာ $199 နဲ့ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။ Galaxy A17 5G ဟာ 6.7 လက်မ ရှိပြီး FHD+ Super AMOLED Display ကို အသုံးပြုထားကြောင်း သိရပါတယ်။ Chip ကိုတော့ Galaxy A16 5G မှာ အသုံးပြုခဲ့တဲ့ Exynos 1330 Chip ကိုပဲ ပြန်လည် အသုံးပြုထားပါတယ်။ Camera အပိုင်းမှာလည်း ပြောင်းလဲမှု မရှိပဲ 5MP ultrawide ၊ 2MP macro နဲ့ 13MP selfie lenses တို့ကို ပြန်လည် အသုံးပြုထားပါတယ်။

RAM မှာတော့ 4GB RAM ရရှိမှာ ဖြစ်ပြီး Storage ကိုတော့ 128GB နဲ့ ရရှိမှာ ဖြစ်ပါတယ်။ Storage ထပ်တိုးချင်သူများဟာ microSD အသုံးပြုပြီး 2TB အထိ ထပ်တိုးနိုင်ကြောင်းလည်း သိရပါတယ်။ Battery ကို 5000 mAh အသုံးပြုထားပြီး Fast-Charging ရရှိမှာ ဖြစ်ပါတယ်။ Galaxy A17 5G ဟာ ၂၀၂၆ ခုနှစ်အတွက် အကောင်းဆုံး Budget ဖုန်း ဖြစ်လိမ့်မယ်လို့လည်း Samsung က ပြောထားပါတယ်။

Galaxy Tab A11+ ဟာ ၂၀၂၆ ခုနှစ်အတွက် Entry-Level Tablet အသစ်ဖြစ်ပြီး ၁၁ လက်မ LCD Display ကို အသုံးပြုပေးထားပါတယ်။ Rare Camera ကို 8MP အသုံးပြုထားပြီး Front ကိုတော့ 5MP အသုံးပြုပေးထားပါတယ်။ RAM နဲ့ Storage အပိုင်းမှာတော့ 6GB RAM ၊ 128GB storage နဲ့ 8GB RAM ၊ 256GB storage ဆိုပြီး (၂)မျိုး ရရှိမှာ ဖြစ်ကာ microSD အသုံးပြုပြီး Storage ထပ်တိုးချင်ရင်လည်း ရပါသေးတယ်။ Battery ကတော့ ၁၅ နာရီစာ Video တွေကြည့်ရှုနိုင်မှာ ဖြစ်ပြီး Fast-Charging လည်း ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ Galaxy Tab A11+ ကို ဇန်နဝါရီလ ၈ ရက်နေ့မှာ $250 နဲ့ စတင် ရောင်းချပေးမှာ ဖြစ်ကြောင်း သိရပါတယ်။













Discussion about this post