Samsung ရဲ့ Self-repair Program ကို UK မှာ စတင်

Samsung ဟာ UK ဒေသမှာ Self-repair Program လို့ခေါ်တဲ့ ကိုယ်တိုင်ပြုပြင်နိုင်မယ့် Program ကို စတင်ပြီဖြစ်ကြောင်းနဲ့ နောက်နှစ်ထဲမှာ US အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ EU ပါလီမန်က လျှပ်စစ်ထုတ်ကုန်များမှာ အသုံးပြုတဲ့ Battery ကို ကော်အသုံးမပြုပဲ အလွယ်တကူ အစားထိုးနိုင်တဲ့ Battery တွေအသုံးပြုရန် အမိန့်ချမှတ်ခဲ့ပြီးနောက် Samsung က အခုလို Program ကို စတင်လိုက်တာ ဖြစ်ပါတယ်။ Samsung ရဲ့ ဥက္ကဌနဲ့ Mobile eXperience ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ TM Roh က “Samsung ဟာ ၎င်းတို့ Device တွေရဲ့ Lifecycle ကို တိုးချဲ့နိုင်ရန် အစဥ်အမြဲကြိုးစားနေတာဖြစ်ပြီး အသုံးပြုသူတွေအတွက် အကောင်းဆုံးသော လုပ်ဆောင်ချက်တွေကို အချိန်ကြာနိုင်သမျှ ကြာအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း” ပြောထားပါတယ်။ ဒါ့အပြင် “ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ပြုပြင်နိုင်မှုနဲ့ ပတ်သက်ပြီး တိုးချဲ့သွားမှာ ဖြစ်သလို Self-repair Program ကိုလည်း ကမ္ဘာတစ်ဝှမ်း အသုံးပြုနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်” လို့ TM Roh က ပြောပါတယ်။

Samsung ရဲ့ Self-repair Program ဟာ EU မှာ အရင်ကတည်းက ရှိခဲ့တာဖြစ်ပြီး UK ကိုတော့ အခုမှ စတင်တာဖြစ်ပါတယ်။ Samsung ရဲ့ Self-repair Program လုပ်ဆောင်ချက်ကတော့ Samsung ထုတ်ကုန်တွေကို ကိုယ်တိုင်ပြုပြင်နိုင်မယ့် ကိရိယာတွေကို ရောင်းချပေးမှာ ဖြစ်တဲ့အပြင် အပိုပစ္စည်းတွေကိုလည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Samsung ဟာ iFixit နဲ့ US မှာ ပူးပေါင်းထားပေမယ့် ASWO နဲ့ 2Service တို့နဲ့ EU ရှိ Self-repair Program မှာပါဝင်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေဖို့ လုပ်ဆောင်ထားသည့်အပြင် ဂျွန်လအကုန်မှာ ဆက်လက်လုပ်ဆောင်မယ့် UK ရဲ့ Self-repair Program ကိုလည်း ၎င်းတို့နဲ့ပဲ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Samsung ရဲ့ ပြောပြချက်အရ လက်ရှိ Self-repair Program မှာ ပါဝင်မယ့် Samsung ထုတ်ကုန်တွေကတော့ Galaxy-S Series တွေ ဖြစ်တဲ့ Galaxy S20 ၊ S21 နဲ့ S22 တို့အပြင် Galaxy Book Pro နဲ့ Galaxy Book Pro 360 Laptop တို့ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

Exit mobile version