Samsung က LG ထံမှ OLED TV Panel အမြောက်အများကို ဝယ်ယူမယ်လို့ သိရှိရ

Samsung က WOLED panel လို့ခေါ်တဲ့ Special TV Panel များကို ဝယ်ယူရန်အတွက် ပြိုင်ဖက် Company LG နဲ့ နှစ်ဦးသဘောတူညီမှု လုပ်ထားကြောင်း သိရှိရပါတယ်။ LG က OLED TV Panel များကို မကြာမှီ Samsung အတွက် ထုတ်လုပ်ထောက်ပံ့တော့မှာ ဖြစ်ပါတယ်။ LG က လာမယ့်နှစ်အတွက် Panel ပေါင်း 2 million ထုတ်လုပ်ရမှာဖြစ်ပြီး နောက်ထပ်နှစ်များမှာ အလုံးရေ 3 million ကနေ 5 million အထိ Samaung ကိုထောက်ပံ့ရောင်းချမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Samsung က ဒီနှစ်မှာ 77 inches နဲ့ 83 inches အရွယ်အစား WOLED panel များထုတ်လုပ်မှာဖြစ်တယ်လို့ သတင်းများ အရသိရှိရပါတယ်။ အဆိုပါ နှစ်ဦးသဘောတူ ပူးပေါင်းလုပ်ဆောင်မှု သည် Company နှစ်ခုလုံးအတွက် အကျိးမြတ် အများကြီးဖြစ်ထွန်းမှာ ဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ထားပါတယ်။ OLED TV စျေးကွက်မှာ Samsung က Sony/ LG တို့ထက်နောက်ကျနေတာကြောင့် အမှီလိုက်ရန်လိုအပ်နေတယ်လို့ ပညာရှင်များက ပြောကြားထားပါသေးတယ်။ OLED TV Panel များက လက်ရှိစျေးကွက်မှာ စျေးကြီးနေတာကြောင့် QLED TV Panel လို့ခေါ်သော် ပိုမိုစျေးသက်သာတဲ့ TV အမျိုးအစားကို Samsung က ထုတ်လုပ်ရန် အာရုံစိုက်နေတယ်လို့ သိရှိရပါတယ်။

Samsung သည် LG ထံမှ OLED TV panel များကို ဝယ်ယူမှာဖြစ်တယ်လို့ သိရှိရ

LG က ယခုနှစ်မှာ Company ရဲ့ ဝယ်လိုအား လေးပုံတစ်ပုံခန့်ဆက်တိုက် ကျဆင်းကာ အရှုံးနဲ့ရင် ဆိုင်နေရတာဖြစ်ပါတယ်။ LG က ၎င်းတို့ရဲ့ OLED Panel ထုတ်လုပ်တဲ့ စက်ရုံက ဝယ်လိုအား နည်းပါးနေတာကြောင့် အပြည့်အ၀ မလည်ပတ်နိုင်တာဖြစ်ပြီး Samsung နဲ့ သဘောတူညီချက်က LG Company ရဲ့ OLED TV Panel ထုတ်လုပ်နိုင်စွမ်းရည်ကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့နိုင်ရန် ဝင်ငွေများ ရရှိ လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။ LG က ထောက်ပံမယ့် Panel များက 83 inches ကနေ 97 inches ထိ အရွယ်စားကြီးမားမှာဖြစ်ပြီး လက်ရှိ Samsung ထုတ်လုပ်နိုင်စွမ်းထက်ပိုကြီး တာဖြစ်ပါတယ်။

Samsung ရဲ့ QD-OLED TV Panel က (55 to 65 inches) နဲ့ 77-inches အရွယ်အစားသာ ရရှိနိုင်ပြီး LG Display က ပံပိုးမယ့် WOLED Panel တွေကတော့ 83 inches ကနေ 97 inches ထိရရှိမှာဖြစ်ပြီး Small Sizes အနေနဲ့ 42 inches ကနေ 48 inches ထိရရှိမှာဖြစ်ပါတယ်။

Exit mobile version