Samsung ဖုန်းမှာ အကြီးစားပြောင်းလဲမှုတွေ ဖြစ်လာမည့် Samsung One UI 5.1 OS Version အသစ်ကို စမ်းသပ်

Samsung ဖုန်းမှာ အကြီးစားပြောင်းလဲမှုတွေ ဖြစ်လာမည့် Samsung One UI 5.1 OS Version အသစ်ကို စမ်းသပ်

Samsung ဟာ အကြီးစားပြောင်းလဲမှုတွေ ပါဝင်တဲ့ OS Version အသစ် One UI 5.1 ကို စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ Samsung One UI 5.1 ဟာ Android-13 ပေါ်မှာ အသုံးပြုမလို့ ဖန်တီးထားတာ ဖြစ်််််ပြီး ၎င်းကို ယခုထွက်ရှိထားတဲ့ Galaxy S22 series တွေဖြစ်တဲ့ Galaxy S22 ၊ Galaxy S22+ နှင့် Galaxy S22 Ultra တို့မှာ စမ်းသပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Samsung One UI 5.1 ဟာ နောက်ထပ်အသစ်ထွက်လာမယ့် Galaxy S23 series နဲ့ တွဲပြီး ထွက်လာမှာဖြစ်ပြီး Galaxy S22 series တွေလည်း ၎င်း Version ထွက်ပြီး မကြာမီမှာ အသုံးပြုလို့ ရလိမ့်မယ်ဟု ခန့်မှန်း ပြောဆိုနေကြပါတယ်။ Samsung ဟာ One UI 5.1 မှာ ပါဝင်လာမယ့် features အသေးစိတ်ကိုတော့ ယခုအချိန်ထိ ပြောပြခြင်းမရှိသေးပါဘူး။ ခန့်မှန်း ပြောဆိုမှုတွေအရ Android-13 မှာ media player ဒီဇိုင်းအသစ်တွေ၊ Noti ဒီဇိုင်းအသစ်တွေ၊ taskbar နဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေ စသည်ဖြင့် ပြောင်းလဲမှုတွေ အများကြီးရှိတယ်လို့ သိရပါတယ်။

Samsung One UI

သေချာတာကတော့ Samsung ရဲ့ Galaxy S23 series မှာ the vanilla Galaxy S23 ၊ Galaxy S23+ နှင့် Galaxy S23 Ultra တို့ ပါဝင်မှာဖြစ်ပြီး ၎င်းတို့မှာ battery capacity ကို 200mAh boost လုပ်ထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် cooling systems တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Exit mobile version