Samsung Chip ထုတ်လုပ်မှုကို ၂၀၂၃ခုနှစ်တွင် ထပ်မံချဲ့ထွင်မည်

ကမ္ဘာ့ Chips စျေးကွက်ကျဆင်းနေသည့်တိုင်အောင် Samsung က ၂၀၂၃ခုနှစ်မှာ Samsung Chip ထုတ်လုပ်မှုကို ထပ်မံချဲ့ထွင်သွားမှာပါ

တစ်ကမ္ဘာလုံးရှိ Chip ဝယ်လိုအားတွေ ကျဆင်းနေသော်လည်း Samsung က ၂၀၂၃ မှာ Chip ထုပ်လုပ်မှု တိုးပွားရေးအတွက် အကြီးဆုံး semiconductor စက်ရုံကို ချဲ့ထွင်သွားမယ်လို့ တောင်ကိုးရီးယား သတင်းစာတစ်ခုရဲ့ ပြောပြချက်အရသိရပါတယ်။ ဒါဟာ စီးပွားရေးအမြင်အရကြည့်ရင် ပြောင်းပြန်ဖြစ်နေသော်လည်း ဝယ်လိုအား ပြန်တက်လာတဲ့အချိန်မှာတော့ Samsung အတွက် အကူအညီတွေ အများကြီးဖြစ်စေနိုင်ပါတယ်။

Samsung ရဲ့ Plan ကတော့ တောင်ကိုးရီးယားနိုင်ငံ Pyeongtaek ရှိ P3 စက်ရုံမှာ 4-nanometre chip capacity နှင့် DRAM memory chips အတွက် 2-inch wafers capacity တို့အတွက် စက်ရုံကို ချဲ့ထွင်သွားမှာဖြစ်တယ်လို့ ဆိုးလ်နေ့စဉ်ထုတ် စီးပွားရေးသတင်းစာအရ သိရပါတယ်။ P3 စက်ရုံဟာ ဒီနှစ်မှာ နောက်ဆုံးထွက်ထားတဲ့ NAND flash memory chips ကို စတင်ထုတ်လုပ်ခဲ့တဲ့ အကြီးဆုံး Samsung Chip စက်ရုံတစ်ခုလည်း ဖြစ်ပါတယ်။

ဒါတွေအပြင် Samsung ဟာ ခရမ်းလွန်ရောင်ခြည်စက် အနည်းဆုံး ၁၀လုံးကိုလည်း ချဲ့ထွင်ဖို့ အစီအစဉ်ရှိနေသေးတယ်လို့ သတင်းစာက ဖော်ပြထားပါသေးတယ်။ ယခုအချိန်မှာ chip ထုတ်လုပ်ရေး စက်ရုံတွေရဲ့ စီးပွားရေး ကျဆင်းမှုဟာ အဆင့် ၂ မှာ ရှိနေသောကြောင့် ကုမ္ပဏီကြီးတွေအတွက် စျေးကွက်ကို ထိန်းချုပ်ဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်နေပါတယ်။

Exit mobile version