ဝန်ထမ်းများကို ChatGPT နဲ့ Google Bard လို AI Chatbot တွေ အသုံးမပြုဖို့ Samsung ကုမ္ပဏီမှ ထုတ်ပြန်

Samsung Bans ChatGPT and Google Bard

​AI Chatbot တွေဟာ Powerful ဖြစ်ပြီး လုပ်ငန်းတွေရဲ့ အချိန်ကို အများကြီးသက်သာစေတာမှန်ပေမယ့် ကုမ္ပဏီရဲ့ အတွင်းရေး အချက်အလက်ပေါက်ကြားမှုများကိုလည်း ဖြစ်စေခဲ့တာကြောင့် Samsung အနေနဲ့ ဝန်ထမ်းတွေကို AI Chatbot အသုံးမပြုဖို့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့လက Samsung ကုမ္ပဏီဟာ ရုံးတွင်းမှာ ဝန်ထမ်းတွေကို လုပ်ငန်းဆောင်တာတွေကို ပိုမိုလွယ်ကူမြန်ဆန်စေဖို့ ChatGPT ကို အသုံးပြုခွင့်ပေးခဲ့ပေမယ့် ဝန်ထမ်းတစ်ယောက်ဟာ Samsung ကုမ္ပဏီရဲ့ လျှို့ဝှက်ရမယ့် အရေးကြီးအချက်အလက်တွေကို ChatGPT မှာ ထည့်သွင်းပြီး အဖြေရှာခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီအတွင်းက အချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ခဲ့တာကြောင့် Samsung အနေနဲ့ AI Chatbot တွေကို ကုမ္ပဏီမှာ ဆက်လက် အသုံးမပြုဖို့ ညွန်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး AI Chatbot တွေဖြစ်တဲ့ ChatGPT နဲ့ Google Bard တို့ကို ရုံးတွင်းကိစ္စတွေမှာ အသုံးပြုခွင့် ပိတ်ပင်တာဟာ Samsung တစ်ခုတည်း မဟုတ်ပါဘူး။ JP Morgan Chase, Bank of America နဲ့ Citi Group တို့လို ဘဏ်ကြီးတွေမှာလည်း AI Chatbot တွေကို အသုံးပြုခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေရဲ့ Sensitive Information တွေဟာ AI Chatbot တွေထဲ ရောက်သွားခဲ့ရင် အချက်အလက် ပေါက်ကြားမှုဖြစ်ပေါ်လာနိုင်ပြီး ထိုအချက်အလက်တွေကို အခြေခံတဲ့ Tools အသစ်တွေ ထပ်မံပေါ်ပေါက်လာကာ ကုမ္ပဏီတွေရဲ့ အနာဂတ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် Samsung အနေနဲ့ ကုမ္ပဏီကိစ္စတွေအတွက် ၎င်းတို့ ကိုယ်တိုင်တီထွင်ဖန်တီးထားတဲ့ AI Tools တွေကိုသာ ဝန်ထမ်းတွေကို အသုံးပြုလို့ရအောင် ဖန်တီးနေတယ်လို့ သိရပါတယ်။

Exit mobile version