Samsung ရဲ့ ၇၇ လက်မ QD-OLED panel ကို CES 2023 မှာ ပြသသွားမှာဖြစ်ကြောင်း အတည်ပြု

Samsung ဟာ လာတော့မည့် CES 2023 ပွဲမှာ QD-OLED panel ကို အသုံးပြုထားတဲ့ ၇၇ လက်မ TV နှင့် ၄၉ လက်မ TV တို့ကို ပြသသွားမှာ ဖြစ်ကြောင်း တည်ပြု ပြောဆိုခဲ့ပါတယ်။ ၇၇ လက်မ QD-OLED TV ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ လူကြီးမင်းတို့လည်း အရမ်းကို တွေ့ချင်နေမှာ သေချာပါတယ်။

QD-OLED panel ကို CES 2022 မှာ Samsung က စတင်မိတ်ဆက်ပေးခဲ့ပြီး TV ဝါသနာရှင်များနှင့် အသုံးပြုသူကြားမှာ နာမည်ကြီးခဲ့ပါတယ်။ ယခုလက်ရှိမှာ QD-OLED ကိုအသုံးပြုထားတဲ့ Devices တွေကတော့ Samsung Electronics’ S95B TV ၊ Sony A95K TV နှင့် Dell ရဲ့ Ailenware monitor (၂)မျိုးတို့ဖြစ်ပါတယ်။ အဆိုပါ product တွေကို အသုံးပြုဖူးသူတိုင်း အရမ်းမိုက်တယ်ဆိုတဲ့ review တွေပဲ ပေးခဲ့ကြပါတယ်။

ယခု CES 2023 မှာလည်း Samsung ၏ ၇၇လက်မ QD-OLED TV ဟာ ဘယ်လိုဖြစ်မလဲ ဘာတွေထပ်ပြီး Upgrade လုပ်ထားမလဲဆိုတာ စိတ်၀င်စားစရာပဲ ဖြစ်ပါတယ်။ Samsung ရဲ့ ပြောကြားမှုအရ ၄၉ လက်မကတော့ Monitor ဖြစ်နိုင်ချေရှိကြောင်း သိရပါတယ်။ CES 2023 မှာတော့ အသေးစိတ် အချက်အလက်တွေကို တွေ့ရမှာဖြစ်လို့ အားလုံးပဲ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြရအောင်။

#SamsungTV #CES2023

Exit mobile version