US ဟာ ထောင်ပေါင်းများစွာသော Apple Phone တွေကို Hack ပြီး Spy လုပ်နေကြောင်း ရုရှားက စွပ်စွဲချက်ထုတ်

ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) က ပြီးခဲ့တဲ့ ကြာသပတေးနေ့တွင် ထောင်ပေါင်းများစွာသော Apple ဖုန်းတွေမှာ ခေတ်မီဆန်းပြားတဲ့ စောင့်ကြည့်ရေး Software ထည့်သွင်းထားတဲ့ အမေရိကန် သူလျှိုစစ်ဆင်ရေးကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

FSB ရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်တဲ့ KGB လို့ခေါ်တဲ့ ဆိုဗီယက်ခေတ် ပြည်နယ်လုံခြုံရေးကော်မတီရဲ့ ကြေငြာချက်အရ ထောင်ပေါင်းများစွာသော Apple ရဲ့ ဖုန်းတွေဟာ ဒီစစ်ဆင်ရေးမှာ ပစ်မှတ်ဖြစ်လာနိုင်ပြီး အဲဒီဖုန်းတွေမှာ ရုရှားပြည်သူတွေရဲ့ ဖုန်းတွေသာမကပဲ ရုရှားနိုင်ငံအခြေစိုက် နိုင်ငံခြားသံတမန်များနဲ့ ဆိုဗီယက်ယူနီယံဟောင်းတွေရဲ့ ဖုန်းတွေအထိ ပါဝင်တယ်လို့ ပြောထားတာ တွေ့ရပါတယ်။ FSB ကလည်း ဒီစစ်ဆင်ရေးဟာ US ရဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) နဲ့ Apple တို့ ပူးပေါင်းကာ ဆောင်ရွက်တဲ့ စစ်ဆင်ရေးဖြစ်ပြီး Apple ဟာ NSA ကို လျှို့ဝှက်စာတိုတွေနဲ့ ဆက်သွယ်သတင်းပေးနေတယ်လို့ ပြောထားပေမယ့် သတ်သေတစ်စုံတစ်ရာမှ ချပြထားတာ မရှိပါဘူး။

မော်စကိုမြို့အခြေစိုက် Cybersecurity နဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ Kaspersky Lab ရှိ ဒါဇင်နဲ့ချီတဲ့ ဝန်ထမ်းတွေရဲ့ ဖုန်းတွေဟာ ဒီသူလျှိုစစ်ဆင်ရေးမှာ ပါဝင်နေတယ်လို့ Kaspersky Lab က ပြောပါတယ်။ Kaspersky ရဲ့ CEO Eugene Kaspersky ကလည်း ဒါဇင်နဲ့ချီတဲ့ သူ့ရဲ့ဝန်ထမ်းတွေဟာ ဒီစစ်ဆင်ရေးမှာ ထိခိုက်ခံနေရပြီး ဒါဟာ အလွန်ရှုပ်ထွေးပြီး ပရော်ဖက်ရှင်နယ်ကျကျ ပစ်မှတ်ထားသော ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ ထိပ်တန်းနဲ့ အလယ်အလတ်တန်း ဝန်ထမ်းတွေကို ပစ်မှတ်ထားထားတယ်လို့ Twitter ပေါ်မှာ တင်ထားပါသေးတယ်။ ဒါပေမယ့် FSB ရဲ့ စွပ်စွဲချက်မှာ ပြောထားသလို Apple ဖုန်းတွေ Hack ခံရတဲ့ ကိစ္စဟာ အမေရိကန်မှာ တာဝန်ရှိတယ်ဆိုတာရယ်၊ နောက်ထပ်ထောင်ပေါင်းများစွာသော ပစ်မှတ်တွေရှိနေသေးတယ်ဆိုတဲ့ အကြောင်းအရာတွေကိုတော့ CEO Eugene Kaspersky က ထည့်ပြောထားတာ မတွေ့ရပါဘူး။

Kaspersky Lab က ပြောပြထားတာကတော့ ဒီကိစ္စဖြစ်ပွားနေတာ အခုမှမဟုတ်ပဲ ၂၀၁၉ ခုနှစ်ကတည်းက သိရှိခဲ့တာ ဖြစ်ပေမယ့် Kaspersky Lab အနေနဲ့ ရုရှားအစိုးရကို မပြောပြပဲ နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Kaspersky Lab က ဒီဖြစ်စဥ်ကို စသိအတည်းက စောင့်ကြည့်နေခဲ့ပြီး အခုအချိန်ထိ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဂျွန်လ ၁ရက်နေ့ အစောပိုင်းမှာ FSB ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ FSB ကတော့ ဒီစစ်ဆင်ရေးဟာ Apple နဲ့ အမေရိကန်တို့ ပူးပေါင်းလုပ်ဆောင်နေကြောင်း အခိုင်အမာ ပြောဆိုနေပြီး အမေရိကန် Hacker များဟာ အစ္စရေး၊ ဆီးရီးယား၊ တရုတ်နဲ့ နေတိုးအဖွဲ့ဝင်များမှ သံတမန်များကို အပေးအယူလုပ်ကာ သူလျှိုလုပ်သည့် လှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့လည်း ပြောထားပါတယ်။

ဒီသူလျှိုစစ်ဆင်ရေးနဲ့ပတ်သက်ပြီး Apple ဘက်ကတော့ ငြင်းဆိုခဲ့ပြီး သူတို့ရဲ့ ထုတ်ကုန်တွေကို ဘယ်အစိုးအဖွဲ့အစည်းနဲ့မှ ပူပေါင်းကာ ထုတ်လုပ်ထားခြင်းမရှိသလို ထုတ်လုပ်မှာလည်း မဟုတ်ဘူးလို့ ပြန်လည် ပြောဆိုထားပါတယ်။ NSA ကလည်း ဒီကိစ္စဟာ မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး အစ္စရေး ကလည်း ရုရှားရဲ့ စွပ်စွဲချက်ဟာ မဟုတ်ကြောင်း တရားဝင် ပြောကြားထားတာ တွေ့ရပါတယ်။ ဆီးရီးယား၊ တရုတ်နဲ့ နေတိုးအဖွဲ့ဝင်များ ကတော့ ချက်ချင်း မှတ်ချက်ပေးဖို့ မလွယ်သေးဘူးလို့ ဆိုပါတယ်။

Exit mobile version