iMac အသစ်ကို 2025 မှာ မြင်ရတော့မယ်လို့ သတင်းများထွက်ရှိ

ကျွန်တော်တို့တွေ မမြင်ရတာ (၂)နှစ်လောက်ရှိသွားပြီဖြစ်တဲ့ Apple ရဲ့ iMac အသစ်ကို 2025 မှာ ပြန်လည်မြင်ရတော့မယ်ဆိုတဲ့ ကောလဟာလ သတင်းများထွက်ရှိနေတာ တွေ့ရပါတယ်။

Apple ကို စောင့်ကြည့်နေသူ Ming-Chi Kuo က လာမယ့် 2025 မှာ 2017 ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ iMac Pro ကို အစားထိုးမယ့် iMac ထွက်လာတော့မယ်လို့ စတင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် Kuo အနေနဲ့ အတိအကျတော့ မပြောနိုင်သေးဘူးလို့လည်း ထည့်ပြောထားပါသေးတယ်။ iMac နဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်းတွေဟာ ပြီးခဲ့တဲ့ နှစ်တွေကလည်း အများအပြာထွက်ခဲ့ပေမယ့် အမှန်တကယ်တော့ မထွက်ရှိခဲ့ပါဘူး။

Apple ဟာ အရင်နှစ်တွေတုန်းက iMac အစား Mac Studio နဲ့ 27 လက်မ Studio Display တို့ကို ထုတ်လုပ်ရောင်းချပေးခဲ့တာကြောင့် iMac အသစ်ကို မမြင်ရတာ (၂)နှစ် ကြာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် 2025 ခုနှစ်မှာ mini-LED နည်းပညာကို အသုံးပြုထားပြီး 6K Pro Display XDR နဲ့ အဆင့်မြှင့်ထားတဲ့ 32 လက်မ iMac ကို မြင်ရတော့မယ်လို့ ကောလဟာလ သတင်းတွေ ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။ ကောလဟာလ သတင်းအဆင့်သာ ရှိသေးလို့ အတိအကျမှတ်ယူလို့ မရသေးပေမယ့် iMac ပရိတ်သတ်များအတွက် ရင်ခုန်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

Exit mobile version