“လယ်ယာစိုက်ပျိုးရေးကို လူမပါပဲ စက်ရုပ်တွေနဲ့ လုပ်လို့ရလား” ဆိုတဲ့ မေးခွန်းကို Plenty ဆိုတဲ့ Company က ဖြေကြားလိုက်ပါပြီ။ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုလုံးကို အများဆုံးစက်ရုပ်တွေသာ အသုံးပြုပြီးလည်ပတ်နေပါတယ်။ ကောက်ပဲသီးနှံတွေက လတ်ဆတ်ပြီး အရမ်းကောင်းမွန်တာကိုလည်းတွေ့ရှိရပါတယ်။
လူမရှိပဲ စက်ရုပ်တွေက စိုက်ပျိုးရေးကို ဘယ်လိုလုပ်ကြလဲ?

စိုက်ပျိုးရေးလုပ်ငန်းစဉ်တစ်ခုလုံးက အလိုအလျောက် စက်ရုပ်တွေနဲ့ လည်ပတ်နေပါတယ်။ အပင်မျိုးစေ့ကို ပထမဆုံး စက်ရုပ်တွေက မျိုးစေ့ချတာက စတင်ပါတယ်။ မျိုးစေ့တွေကို ပထမဆုံးနေရာချတဲ့စက်ရုပ်တွေက အလွှာ (၈)လွှာရှိတဲ့စင်ပေါ်မှာ စတင်နေရာချပါတယ်။ စင်တွေမှာ LED မီးတွေတပ်ဆင်ထားပါတယ်။
မျိုးစေ့တွေကြီးထွားလာပြီဆိုရင်တော့ အခြားစက်ရုပ်တွေက အပင်တွေကြီးထွားနိုင်တဲ့အခန်းကို ပြောင်းရွှေ့ကြပါတယ်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ လုံး၀မသုံးထားပဲ အသီးအရွက်တွေက သန့်ရှင်းလတ်ဆတ်ပါတယ်။ ရေးဆေးစရာတောင်မလိုပဲ တန်းပြီးစားနိုင်တဲ့အထိ လတ်ဆတ်သန့်ရှင်းပါတယ်။ Plenty Farming ကိုသွားရောက်လေ့လာခဲ့တဲ့လူက ဒီအတိုင်းစားခဲ့တယ်လို့ ဆိုပါတယ်။ အရသာအရမ်းရှိပြီး လတ်ဆတ်တယ်လို့လည်း ဆိုပါတယ်။ ရေကို အသုံးပြုရာမှာလည်း အနည်းငယ်သာသုံးပြီး နှစ်အတိုင်းအတာအထိ အပင်တွေကြီးထွားနိုင်တာကို တွေ့ရပါတယ်။

နည်းပညာအမြင့်ပိုင်းတွေသုံးထားတဲ့ Robotic Farming က နေရာတိုင်းမှာ စိုက်ပျိုးရေးလုပ်နိင်တယ်ဆိုတာ သက်သေပြနေပါပြီ။ စျေးနှုန်းအနေနဲ့ကလည်း Organic အသီးအနှံစျေးနှုန်းတွေနဲ့ တူပါတယ်။ Plenty Framing အကြောင်းကိုတော့ သူတို့ရဲ့ Website လေးမှာ လေ့လာနိုင်ပါတယ်။
Discussion about this post