လက်ရှိ Online မှာ Viral ဖြစ်နေတဲ့ လူ့ခန္ဓာကိုယ်ပုံစံနဲ့ တူအောင် အနီးစပ်ဆုံး ပြုလုပ်ထားတဲ့ စက်ရုပ်ကိုပြသထားတဲ့ Video တစ်ခုက X မှာ ကြည့်ရှုမှုပေါင်း သန်း ၃၀ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Video ကိုကြည့်ပြီး လူတိုင်းကတော့ အနာဂတ်မှာ စိတ်ကူးယဉ်ဇာတ်လမ်း တွေက အတိုင်း ဖြစ်လာတော့မှာလို့ မှတ်ချက်များ ပေးနေကြတာဖြစ်ပါတယ်။
အဆိုပါ စက်ရုပ်ကို Protoclone ကို အမည်ပေးထားပြီး Clone Robotics ကဖန်တီးခဲ့တာဖြစ်ပါတယ်။ Clone Robotics က အိမ်မှုကိစ္စတွေမှာ အကူအညီပေးနိုင်မယ့် တီထွင်မှုသစ်တစ်ခုအဖြစ် ကြေညာထားပေမယ့်၊ ကြည့်ရှုသူအများစုကတော့ စက်ရုပ်ရဲ့ လှုပ်ရှားမှုတွေဟာ ကြောက်စရာကောင်းတယ်လို့ ထင်မြင်ချက်များပေးခဲ့ကြပါတယ်။Protoclone Robot က Polymer Bone (ပလပ်စတစ်အရိုး)ပေါင်း ၂၀၆ ခု၊ Artificial Myofiber Muscles (ကြွက်သားအတု)၊ ရေအားသုံး သွေးကြောစနစ်တုနဲ့ အာရုံခံကိရိယာတွေပါဝင်ပြီး လူတစ်ယောက်လို လှုပ်ရှားနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။ Protoclone က ကမ္ဘာ့ပထမဆုံး လူသားပုံစံ အရိုးအကြောစနစ်တွေနဲ့ ဖွဲ့စည်းထားပြီး လှုပ်ရှားနိုင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်တယ်လို့ Company က ပြောကြားထားပါတယ်။
လက်ရှိမှာ Tesla၊ Boston Dynamics နဲ့ Meta တို့လို ကုမ္ပဏီကြီးတွေကလည်း AI အသုံးပြုပြီး အလားတူစက်ရုပ်တွေကို ဖန်တီးနေကြတာ ဖြစ်ပြီး 1X ကုမ္ပဏီရဲ့ CEO Bernt Børnich က နောင်အနာဂတ်မှာ စက်ရုပ်တွေဟာ ကားတွေလိုပဲ ပုံမှန်ဖြစ်လာပြီး၊ စျေးနှုန်းသင့်တင့်စွာနဲ့ ဝယ်ယူနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ Company အသီးသီးက AI/Robot တွေရဲ့ အသုံးဝင်မှုနဲ့ ဘေးကင်းမှုကို ပြောနေကြပေမယ့် တကယ်ရော Save ဖြစ်ရဲ့လား နောက်ပြီး အလုပ်အကိုင်ဆုံးရှုံးနိုင်ခြင်း စတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ Clone Robotics ကတော့ သူတို့ရဲ့ Protoclone ဟာ လူသားတွေရဲ့ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ်လို့ အလေးပေးပြောကြားထားပါတယ်။
Discussion about this post