ကမ္ဘာ့ပထမဦးဆုံးသော သစ်သား Transistor ကို တီထွင်နိုင်ခဲ့ပြီ

ဆွီဒင်သုတေသီများဟာ ကမ္ဘာ့ပထမဦးဆုံးသော သစ်သားနဲ့ ပြုလုပ်ထားတဲ့ Transistor ကို တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Norrköping ရှိ Linköping တက္ကသိုလ် ရဲ့ သုတေသီအဖွဲ့နဲ့ Stockholm ရှိ Royal Institute of Technology ရဲ့ သုတေသီအဖွဲ့တို့ ပူးပေါင်းပြီး ကမ္ဘာ့ပထမဦးဆုံးသော သစ်သား Transistor ကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သုတေသီများရဲ့ ပြောပြချက်အရ အခြားTransistor တွေနဲ့ယှဥ်ရင် သစ်သား Transistor ရဲ့ လုပ်ဆောင်နိုင်မှုဟာ နှေးပြီးတော့ အရွယ်အစားကလည်း ကြီးတယ်ဆိုပေမယ့် သစ်သား Transistor အတွက်တော့ လုံလောက်တယ်လို့ သိရပါတယ်။

Wood Transistors

သစ်သား Transistor ဟာ သစ်ပင်တွေမှာရှိတဲ့ လျှပ်စစ်စွမ်းအင်နဲ့ ချိတ်ဆက်နိုင်တယ်လို့လည်း သိရပါတယ်။ သုတေသီများရဲ့ ရှင်းပြထားချက်အရ သစ်သားတွေမှာရှိတဲ့ Lignin လို့ခေါ်တဲ့ Organic Polymer ကို ဓာတုဗေဒ အရည်ပျော်ခြင်း လုပ်ငန်းစဥ်နဲ့ ဖယ်ရှာပြီးမှ သစ်သား Transistor ကို ပြုလုပ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ သုတေသီများဟာ သစ်သား Transistor နဲ့ ဘာတွေပြုလုပ်နိုင်မလဲဆိုတာ ဆက်ပြီးရှာဖွေသွားမယ်လို့လည်း သိရပါတယ်။

Exit mobile version