ပုံတွေကို လိုသလိုပြောင်းလဲနိုင်မယ့် AI အသစ်ကို သုတေသီတစ်ဖွဲ့က ဖန်တီး

သုတေသီအဖွဲ့တစ်ဖွဲ့က ပုံတွေကို လိုသလိုပြောင်းပေးနိုင်တဲ့ AI အသစ်တစ်ခုကို သူတို့ရဲ့ Web Page မှာ ချပြလိုက်တာ ဖြစ်ပါတယ်။

AI ရဲ့ နာမည်ကို မပေးထားပေမယ့် AI ရဲ့ လုပ်နိုင်စွမ်းကတော့ အံ့အားသင့်ဖွယ်ပဲ ဖြစ်ပါတယ်။ ဥပမာ – ပါးစပ်ပိတ်နေတဲ့ လူတစ်ဦးရဲ့ ပုံကို ပါးစပ်ဖွင့်ပြီး ပြုံးနေတဲ့ ပုံဖြစ်အောင် ပြောင်းလဲပေးနိုင်သလို၊ ဘေးတစောင်းဖြစ်နေတဲ့ အရာတစ်ခုခုကိုလည်း အတည့်ဖြစ်အောင် ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေတင်မကပဲ ရှုခင်းတွေ တောင်တန်းတွေကိုပါ လိုတိုးပိုလျော့လုပ်လို့ရပါတယ်။ ဒီ AI ဘယ်လောက်အထိ အလုပ်လုပ်ပေးနိုင်လဲဆိုတာ အောက်က Video တွေကို ကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်။

Main Demo

Video တွေထဲမှာ တွေ့ရတဲ့အတိုင်း AI ရဲ့ အလုပ်လုပ်နိုင်စွမ်းကတော့ တော်တော်လေးကို မိုက်ပါတယ်။ လက်ရှိမှာ သုတေသီများက ဒီ AI ကို စမ်းသပ်နေတဲ့ အဆင့်ပဲရှိသေးတာဖြစ်လို့ တစ်ခါတစ်ရံမှာတော့ ပုံပျက်သွားအောင် ဖန်တီးပေးတာမျိုးတွေရှိနေသေးတယ်လို့ သိရပါတယ်။ ဒီ AI သာအမှန်တကယ်ထွက်လာခဲ့မယ်ဆိုရင်တော့ Graphic Designer တွေအတွက် အရမ်းကိုအထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ စာဖတ် ပရိသတ်ကြီးရော ဒီ AI နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုတာ မျှဝေပေးသွားပါအုံးနော်။

Exit mobile version