Razer မှ အပေါ့ဆုံး Wireless Gaming Mouse ကို မိတ်ဆက်

2023 အတွက် Razer ၏ Gaming Mouse

Razer မှ ၎င်းတို့ရဲ့ အပေါ့ပါးဆုံး Wireless Gaming Mouse ကို မိတ်ဆက်လိုက်ပြီးဖြစ်ပါတယ်။ Razer ၏ Viper Mini Signature Edition ဟာ ၄၉ဂရမ် သာရှိပြီး Viper V2 Pro ထပ် ၁၆ ရာခိုင်နှုန်း ပိုပြီးပေါ့တယ်လို့ သိရပါတယ်။

Viper Mini Signature Edition ဟာ Wireless Gaming Mouse တွေထဲမှာ အပေါ့ဆုံးလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ Speed ကလည်း Razer Wireless Gaming Mouse တွေထဲမှာ အမြန်ဆုံးဖြစ်တယ်လို့ သိရပါတယ်။ Razer ကုမ္ပဏီရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်တဲ့ Charlie Bolton ပြောပြချက်အရ Viper Mini Signature Edition ကို ပျားအိမ်ပုံ ဒီဇိုင်းသုံးထားကာ မဂ္ဂနီဆီယမ်သတ္တုစပ်ဖြင့် ဖန်တီးထားတယ်လို့ သိရပါတယ်။

Viper Mini Signature Edition (from google)

အဆိုပါ Mouse ကို အမြန်ဆုံး နည်းပညာအသုံးပြုထားပြီး Razer Focus Pro 30K Optical Sensor ၊ Optical Mouse Switches Gen-3HyperPolling Wireless 4000Hz တို့ ပါဝင်တယ်လို့ သိရပါတယ်။ Viper Mini Signature Edition ကို Type-C နှင့် အားသွင်းရမှာဖြစ်ပြီး အားအပြည့်သွင်းရန်အတွက် မိနစ် ၉၀ လောက် အချိန်ပေးရမည်ဖြစ်ပြီး အားပြည့်နေရင် နာရီပေါင်း ၆၀ လောက် သုံးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ Viper Mini Signature Edition Mouse ရဲ့ ဈေးနှုန်းက $280 ကျသင့်မည်ဖြစ်ကာ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version