Meta ရဲ့ AI နဲ့ ထုတ်လုပ်လိုက်တဲ့ Ray-Ban မျက်မှန်

Meta ဟာ ကျွန်တော်တို့ အားလုံးအတွက် အတွေ့အကြုံ အသစ်တစ်ခု ပေးစွမ်းနိုင်မယ့် Smart မျက်မှန်ကို Ray Ban နဲ့ ပေါင်းကာ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

Ray-Ban Meta မှာ ဓာတ်ပုံနဲ့ Videos တွေရိုက်ကူးနိုင်ဖို့ 12MP Camera ထည့်ပေးထားတဲ့အပြင် Speaker နဲ့ Microphone လည်း ပါဝင်မှာဖြစ်တာကြောင့် ဖုန်းပြောခြင်းကိုပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်မိုက်တာကတော့ Meta ရဲ့ AI ထည့်သွင်းပေးထားတာကြောင့် “Hey Meta” လို့ ခေါ်ပြီး မြင်နေရတဲ့ အရာဝတ္ထုဟာ ဘာလဲ၊ စာများကို ဘာသာပြန်ခြင်း အစရှိတဲ့ လုပ်ဆောင်ချက်များစွာကို လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Mark Zuckerberg ကလည်း Instagram Reel ပေါ်မှာ Ray-Ban Meta ဝတ်ထားပြီး လက်ထဲကိုင်ထားတဲ့ Shirt အင်္ကျီနဲ့ဆို ဘယ်လိုဘောင်းဘီနဲ့ လိုက်ဖက်မှု ရှိမလဲ၊ မသိတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ Post တစ်ခုကို ဘာသာပြန်ခိုင်းခြင်း အစရှိတာတွေကို စမ်းသပ်ပြထားပါတယ်။ Interview တစ်ခုမှာ Meta AI Assistant ဟာ လူတွေရဲ့ တစ်နေ့တာဘဝအတွင်း လိုအပ်တဲ့ အရာတွေကို မေးမြန်နိုင်ဖို့ အရေးပါတဲ့ AI တစ်ခု ဖြစ်လာလိမ့်မယ်လို့ Mark Zuckerberg ပြောခဲ့သလို အခုဆိုရင် Ray-Ban မျက်မှန်ထဲမှာ Meta AI ကို ထည့်သွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Ray-Ban Meta မျက်မှန်ကို United States ၊ Canada နဲ့ United Kingdom တို့တွင် Meta Website မှ တစ်ဆင့် ဝယ်ယူနိုင်နေပြီ ဖြစ်သလို အခြားသော Meta Retailers တွေမှာလည်း ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ United States ၊ Canada ၊ United Kingdom ၊ Ireland ၊ Austria ၊ Belgium ၊ France ၊ Italy ၊ Spain ၊ Germany ၊ Finland ၊ Norway ၊ Denmark ၊ Sweden နှင့် Australia တို့မှာတော့ Ray-Ban Website အပြင် Ray-Ban Official Stores များနှင့် Ray-Ban Dealers (Online and Stores) တွေမှာ ဝယ်ယူနိုင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

Exit mobile version