တစ်ယောက်နဲ့တစ်ယောက် စာဖိုင်တွေ Share ကြတဲ့အခါ နောက်ပိုင်းမှာ PDF File ကိုသာ အဓိက အသုံးပြုလာကြတာကို တွေ့ရပါလိမ့်မယ်။ PDF file တွေကိုအလွယ်တကူ Edit လုပ်လို့မရပါဘူး။ Edit ပြုလုပ်ဖို့ရာအတွက် Third Party Tools/Software တွေလိုအပ်ပါတယ်။ PDF file တွေဟာ နဂိုမူလက လုံခြုံတဲ့ File Format တစ်ခုဖြစ်ပေမယ့် ပိုမို စိတ်ချလိုတဲ့အခါ Password ထားပေးလို့ရပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းကတော့ Tools တွေကို Install လုပ်စရာမလိုပဲနှင့် Microsoft Online ကို အသုံးပြုပြီး အလွယ်တကူ Password ထားနည်းပဲဖြစ်ပါတယ်။
- အရင်ဦးစွာ Web Browser မှတဆင့် https://www.adobe.com/in/acrobat/online/password-protect-pdf.html link သို့ ဝင်ပေးပါ
- Select a File အား Click နှိပ်၍ မိမိ Password ထားလိုသည့် PDF အား ရွေးချယ်ပေးပါ။
- Set Password နှင့် Confirm Password ဆိုသည့်နေရာတွင် မိမိထားလိုသည့် Password အား ရိုက်ထည့်၍ Set Password အား နှိပ်ပါ။ ထိုအခါ Microsoft Online မှ PDF file အား အလိုအလျောက် Password ထည့်သွင်းပေးမည်ဖြစ်သည်။
- ထို့နောက် Password protected PDF file အား Download လုပ်၍ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
#MyanmarEndUser
Discussion about this post