အမေရိကန်သမ္မတ Biden မှ Huawei နှင့် နည်းပညာဆိုင်ရာ ကုန်သွယ်မှုမပြုလုပ်ရန် တားမြစ်

အမေရိကန်သမ္မတ Biden မှ တရုတ်ကုမ္ပဏီများ အထူးသဖြင့် Huawei နှင့် နည်းပညာဆိုင်ရာ ကုန်သွယ်မှု ပြုလုပ်ခွင့် လိုင်စင်ကို ရပ်နားတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ အမေရိကန်သမ္မတ Biden လက်ထက်မှာ ပထမဦးဆုံး တရုတ်ကို နည်းပညာဆိုင်ရာ ကန့်သတ်မှု ပြုလုပ်ခြင်းဖြစ်ပါတယ်။

US ဟာ လွန်ခဲ့တဲ့ နှစ်တွေထဲက Huawei ကို တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ထားမှုကြောင့် US ၏ လုံခြုံရေးအရ ကန့်သတ်မှုတွေပြုလုပ်ထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် Huawei နှင့် ကုန်သွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် နည်းပညာကုမ္ပဏီကြီးတွေကို ခွင့်ပြုချက်လိုင်စင်အဖြစ် US အစိုးရဘက်မှ ထုတ်ပေးခဲ့ပါတယ်။ ယခုမှာတော့ အဆိုပါလိုင်စင် သက်တမ်းကုန်တာနဲ့ ထပ်မံသက်တမ်းတိုးလို့မရပဲ ဖျက်သိမ်းတော့မှာဖြစ်ပါတယ်။

US flag, China flag and Huawei (from google)

အမေရိကန်နှင့် တရုတ်တို့ဟာ လွန်ခဲ့တဲ့ နှစ်တွေထဲက စီးပွားရေးနှင့် နည်းပညာနယ်ပယ်တွေမှာ တင်းမာမှုတွေရှိခဲ့တဲ့အပြင် ကမ္ဘာမှာ chips တွေအများဆုံး ထုတ်လုပ်နိုင်တဲ့ ထိုင်ဝမ်ကိုရရှိရေးအတွက်လည်း တင်းမာမှုတွေရှိနေပါတယ်။ ဒီလိုတင်းမာမှုတွေနဲ့ ရှေ့ဆက်လာခဲ့ကာ ၂၀၁၉ သမ္မတ Trump လက်ထပ်မှာ 5G အင်တာနက် အရေးနှင့် ပတ်သက်ပြီး Huawei ကုမ္ပဏီ၏ ထုတ်ကုန်များကို အသုံးမပြုဖို့ တားမြစ်ရာမှ Huawei ကို လုံးဝအသုံးမပြုတဲ့အထိ ဖြစ်ပွားလာခဲ့ပါတယ်။

ယခုမှာလည်း US ရှိ နည်းပညာကုမ္ပဏီများအနေနဲ့ တရုတ်ကို နည်းပညာဆိုင်ရာ ကုန်သွယ်မှုတွေ ရပ်နားရတော့မှာ ဖြစ်တာကြောင့် အကျိုးဆက်အနေနဲ့ နည်းပညာနယ်ပယ်မှာ ဘာတွေပြောင်းလဲလာမလဲဆိုတာ အားလုံး စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version