Polestar မှ 2024 အတွက် Polestar 2 EV လျှပ်စစ်ကားကို မိတ်ဆက်

2024 အတွက် အဆင့်မြှင့်ထားတဲ့ Polestar 2 EV လျှပ်စစ်ကားကို Polestar မှ ချပြလိုက်တာဖြစ်ပါတယ်။ Polestar 2 ကို အပြင်ပိုင်း Design သာမက powertrain နည်းပညာလည်း အဆင့်မြှင့်ထားတယ်လို့ သိရပါတယ်။ Design ကတော့ မြင်တဲ့အတိုင်းပဲ ခေတ်ဆန်တဲ့ဘက်ကို ပြုပြင်ထားတာ တွေ့ရပါတယ်။

Polestar 2 ၏ နာမည်ကြီးတဲ့ အရောင်ကတော့  faux နှင့် black grille တို့ဖြစ်ပြီး Camera ၊ Radar ၊ adaptive cruise control နှင့် အလိုအလျှောက် အရေးပေါ် Brake စနစ်တွေ မြှင့်တင်ထားတယ်လို့ သိရပါတယ်။ အဆိုပါကားမှာ မော်တာပါဝါတွေလည်း အဆင့်မြှင့်တင်ထားသည့်အပြင် Entry-Level အတွက် (၂)ဘီးမောင်း ကားလည်း ရှိတယ်လို့ သိရပါတယ်။

Polestar 2 (from google)

(၂) ဘီးမောင်းကားဟာ 231 hp မှ 299 hp မြင်းကောင်ရေအထိရှိပြီး 60 mph ကို 4.3 seconds အတွင်း မောင်းနိုင်မှာ ဖြစ်ပါတယ်။ (၄) ဘီးမောင်းကားကတော့ 408 hp မှ 455 hp မြင်းကောင်းရေအထိရှိကာ 60 mph ကို 4.1 seconds အတွင်း မောင်းနိုင်မှာဖြစ်ပါတယ်။ Battery အပိုင်းမှာဆိုရင်တော့ battery capacity ကို 78 kilowatt-hours မှ 82 kilowatt-hours အထိ မြှင့်တင်ထားတယ်လို့သိရပါတယ်။

Polestar 2 (from google)

Polestar 2 EV 2024 (၂)ဘီးမောင်းကားဟာ Battery အားပြည့်နေရင် မိုင်း ၃၀၀ အထိမောင်းနိုင်မှာဖြစ်လို့ လက်ရှိကားထပ် မိုင် ၃၀ ပိုမောင်းနိုင်မှာဖြစ်ပြီး (၄) ဘီးမောင်းကားကတော့ လက်ရှိကားထပ် ၁၀ မိုင် ပိုမောင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းတွေကိုတော့ ပြောပြခြင်းမရှိသေးပါဘူး။

Exit mobile version