Android ဖုန်း အတော်များများမှာ ရှိနေပြီး Pixel ဖုန်းတွေမှာပဲ မရှိသေးသလို Pixel အသုံးပြုသူများလည်း တောင်းဆိုနေတာ ကြာပြီဖြစ်တဲ့ Double-Tap နဲ့ Screen ပိတ်နိုင်တဲ့ Feature ကို Android 16 Beta 4 မှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။
Pixel အသုံးပြုသူများ တောင်းဆိုနေသလို Double-Tap နဲ့ Screen ပိတ်တဲ့ Feature ဟာ အသုံးဝင်တဲ့ Feature ဖြစ်ပြီး Pixel ဖုန်းအတွက် ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုဆိုလည်း မမှားပါဘူး။ Pixel အသုံးပြုသူများဟာ Double-Tap Feature ကို Third Party Apps နဲ့ အသုံးပြုခဲ့ရပေမယ့် Android 16 ထွက်လာရင်တော့ တရားဝင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ခန့်မှန်းချက်များအရ Android 16 ကို လာမယ့် ဇွန်လထဲမှာ တရားဝင် ထုတ်ပေးမှာ ဖြစ်ပြီး အခု မိတ်ဆက်ပေးခဲ့တဲ့ Double-Tap Feature အပြင် Supervision Page နဲ့ အခြားသော Feature အသစ်များလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
Discussion about this post