Android ရှိ Gboard မှာ Period Key နဲ့ Comma Key တို့ကို ဖျောက်ထားနိုင်ပြီ

Gboard ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက Font Size Setting နဲ့ ပတ်သက်လို့ ကျယ်ကျယ်ပျံ့ပျံ့ ပြုလုပ်ခဲ့ပြီး အခုမှာတော့ Android တွေ အတွက် Period Key နဲ့ Comma Key တို့ကို ဖျောက်ထားနိုင်မယ့် Setting ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

ပုံထဲမှာ မြင်ရတဲ့ အတိုင်း Gboard မှာ နှစ်နဲ့ ချီပြီး ပြုပြင်ခွင့် မပေးခဲ့တဲ့ Period Key နဲ့ Comma Key တို့ကို ဖျောက်လိုက်တာကြောင့် Space Bar ကို ရှင်းရှင်းလင်းလင်းနဲ့ အကြီးကြီး မြင်တွေ့ရမှာ ဖြစ်ပြီး ဘယ်ဘက်မှာ “?123” Key နဲ့ ညာဘက်မှာ “Enter” Key တို့ပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ Period Key နဲ့ Comma Key တို့ကို ဖျောက်ချင်ရင် Gboard ရဲ့ Setting ထဲက Preferences ထဲ ဝင်လိုက်ရင် Comma Key နဲ့ Period Key (သို့မဟုတ်) Full Stop Key တို့ကို ပိတ်ပေးရမှာ ဖြစ်ပါတယ်။

Exit mobile version