PayPal က Google Android ဖုန်းတွေမှာပါ Passkey login စနစ်ထည့်သွင်း

PayPal က Passkey Securely System ကို အရင်က Apple iOS Devices မှာသာအသုံးပြုလို့ ရပြီး ဒီနေ့မှာတော့ Google Android Decices မှာပါ အသုံးပြုလို့ရပြီး ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ User တွေက Chrome browser ကနေဝင်ပြီး မိမိရဲ့  PayPal အကောင့်မှာ Passkey တစ်ခုကို အရင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း Password ရိုက်ထည့်စရာ မလိုတော့ဘဲ မိမိဖုန်း Devices ကနေ အလွယ်တကူ Passkey ထည့်လိုက်ရုံနဲ့ ဝင်လို့ ရတော့မှာဖြစ်ပါတယ်။

PayPal’s Passkey logins to Android

Passkeys ဆိုတာက FIDO Alliance နဲ့ the World Wide Web တို့ဖန်တီးထားသော Public Key Cryptography နည်းပညာ ကို အသုံးပြုထားသော စနစ်ဖြစ်ပါတယ်။ Passkeys စနစ်ကို PayPal အပြင် Apple, Google, Microsoft တို့မှာလဲ အသုံးပြုထားတာကို တွေ့ရှိရပါတယ်။ Windows မှာတော့ PayPal Passkeys စနစ်ကို အသုံးပြုလို့မရသေးကြောင်း သိရှိရပါတယ်။

Exit mobile version