ChatGPT ရဲ့ Version အသစ် GPT-4 ထွက်ပြီ

ChatGPT

OpenAI ကုမ္ပဏီရဲ့ နာမည်ကြီး ChatGPT ဟာ GPT-4 ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ OpenAI ရဲ့ ပြောပြချက်အရတော့ အရင် GPT-3.5 ထပ် ၅ဆ ပိုမိုကောင်းမွန်တဲ့ အဖြေတွေ ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။

GPT-4 ဟာ အရင်ကထပ်ပိုပြီး မေးခွန်းတွေကို မှန်ကန်တဲ့ အဖြေတွေထုတ်ပေးနိုင်မယ့်အပြင် ဓာတ်ပုံတွေကိုပါ ခွဲခြမ်းစိတ်ဖြာပြီး သိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သို့ပေမယ့် ပြန်လည်ဖြေကြားရာမှာတော့ စာသားနဲ့ပဲ ဖြေကြားမှာ ဖြစ်ပါတယ်။ မတ်လအစပိုင်းမှာ ပြောထားတဲ့အတိုင်း ChatGPT ကို တစ်လလျှင် ဒေါ်လာ ၂၀ နဲ့ စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပေမယ့် Developer တွေအတွက် API ကိုတော့ နောက်ပိုင်းမှာ ဆက်လက်ထည့်သွင်းပေးမယ်လို့ သိရပါတယ်။

GPT-4 ကို Uniform Bar Exam ၊ LSAT ၊ SAT Math နှင့် SAT Evidence-Based Reading & Writing တို့လို စာမေးပွဲတွေကို စမ်းသပ်ဖြေဆိုခိုင်းရာမှာ ၈၈ ရာနှုန်းနဲ့အထက် မှန်ကန်အောင် ဖြေဆိုနိုင်တယ်လို့ OpenAI ရဲ့ ပြောပြမှုအရသိရပါတယ်။ ဒါ့အပြင် GPT-3.5 ထပ် ခွင့်မပြုထားတဲ့ မေးခွန်းတွေကို တုန့်ပြန်နိုင်စွမ်း ၈၂ ရာနှုန်းပိုမိုအားကောင်းလာကာ ပိုမိုတိကြတဲ့ အဖြေတွေကို ၄၀ ရာနှုန်းပိုပြီး ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လို့ တချို့သော မှားယွင်းမှုတွေတော့ ရှိနေအုံးမှာ ဖြစ်တယ်လို့ ပြောထားပါသေးတယ်။

ChatGPT ကို ၂၀၁၈ ခုနှစ် က GPT ဆိုတဲ့ Version က စတင်မိတ်ဆက်ခဲ့ပြီး လိုအပ်ချက်တွေကို ဖြည့်ရင်း ၂၀၁၉ မှာ GPT-2 ၊ ၂၀၂၀ မှာ GPT-3 နဲ့ ယခု ၂၀၂၃ မှာတော့ GPT-4 အထိကို တဖြည်းဖြည်း အဆင့်မြှင့်တင်လာတာကို တွေ့ရပါတယ်။ ပညာရှင်များကတော့ နောက်ပိုင်းမှာ စာသားတွေကြီးမဟုတ်ပဲ အသံ၊ ရုပ်ပုံ အပြင် video တွေအထိ အဆင့်မြှင့်တင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Exit mobile version