“Sora” လို့အမည်ရတဲ့ OpenAI ရဲ့ text-to-video ကို ဒီနှစ်ကုန်ခါနီးမှာ မြင်တွေ့ရနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ အကြောင်းအရာကို စာရိုက်လိုက်ရုံနှင့် 60-seconds စာ video ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ OpenAI ရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ChatGPT က လက်ရှိမှာ လူကြိုက်အများဆုံး product တစ်ခုဖြစ်ပါတယ်။ “Sora” ကတော့ အနာဂတ်မှာ video ဖန်တီးတဲ့လူတွေအတွက် အကောင်းဆုံး editing tool တစ်ခုဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ စက္ကန့် ၆၀စာ video တွေကိုသာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်ချက်အရ result တွေက ကောင်းမွန်နေတာကိုလည်း တွေ့ရှိရပါတယ်။ ထို့အပြင် အသုံးပြုသူတွေအနေနှင့် video တွေကို edit လုပ်ရာမှာ ကိုယ့်စိတ်ကြိုက် လိုအပ်တဲ့အပိုင်းတွေကို edit လုပ်နိုင်မယ်လို့လည်း သိရပါတယ်။ OpenAI ရဲ့ ပြောရေးဆိုခွင့်ရှိသူပြောကြားချက်အရ Sora က ဒီနှစ်ထဲမှာ သေချာပေါက် လူတွေဆီရောက်ရှိလာမယ်လို့ပြောကြားခဲ့ပါတယ်။ Sora ရဲ့ video စမ်းသပ်ချက်နှင့် interview ကိုတော့ Wall Street Journal က မေးမြန်းထားပုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
OpenAI ရဲ့ text-to-video AIကို ဒီနှစ်ကုန်ခါနီးလောက်မှာ မြင်တွေ့ရနိုင်
-
By Win Thet Oo

Related Content
SpaceX က ဖုန်းနဲ့တူတဲ့ AI Device တစ်ခု စမ်းသပ်နေတယ်လို့ သတင်းများထွက်ပေါ်
By
Khant Zin Aung
July 2, 2026
Browser ထဲမှာတင် AI နဲ့ Coding လုပ်နိုင်မယ့် OpenAI Codex ရဲ့ Chrome Extension အသစ်
By
Khant Zin Aung
May 8, 2026
ကင်ဆာဖြစ်စေနိုင်သော ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မယ့် Antibody အသစ်
By
Khant Zin Aung
May 3, 2026
Anthropic က OpenClaw ကို သူတို့ရဲ့ Claude AI မှာ ပိတ်ပင်
By
Khant Zin Aung
April 4, 2026
Apple Business App နဲ့ Siri App အသစ် - ဒီနှစ်ထဲမှာ တွေ့မြင်ရတော့မယ့် App အသစ်နှစ်ခု
By
Khant Zin Aung
March 29, 2026