OpenAI ရဲ့ CEO ရာထူးမှ ထုတ်ပယ်ခံရ

ChatGPT ရဲ့ မိခင် company ဖြစ်တဲ့ OpenAI ကို တည်ထောင်သူ Sam Altman နှင့် co-founder ဖြစ်သူ Greg Brockman ကို ရာထူးမှ ထုတ်ပယ်ခံလိုက်ရပါတယ်။ ရာထူးမှထုတ်ပယ်မှုကို Directors အဖွဲ့ဝင်တွေက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ထုတ်ပယ်လိုက်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျမသိရသေးပါဘူး။ Company တစ်ခုရဲ့ စည်းမျဉ်းစည်းကမ်းအရ CEO ကိုလည်း Board of Directors တွေက ထုတ်ပယ်ပိုင်ခွင့်ရှိပြီး အသစ်ခန့်အပ်နိုင်ခြင်း ပြုလုပ်နိုင်ပါတယ်။

Sam က သောကြာနေ့မှာ meeting လုပ်မယ့် messageကို llya က ရရှိခဲ့ပြီး online ကတစ်ဆင့်လုပ်တဲ့ Google Meet မှာ Greg ကို မတွေ့ရပဲ တက်ရောက်ခဲ့ပါတယ်။ Meeting မှာတော့ သူ့ကို ရာထူး ထုတ်ပယ်လိုက်ကြောင်း llya ကအသိပေးလိုက်ပါတယ်။ llya Sutskever ဆိုတာကတော့ OpenAI ရဲ့ co-founder တစ်ယောက်ဖြစ်သလို board member တစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၂နာရီလောက်မှာတော့ Greg လည်း llya ဆီက ဖုန်းဖြေကြားဖို့ message တစ်စောင်ရခဲ့ပါတယ်။ Greg ပြောကြားချက်အရ သူလည်း board အဖွဲ့က ထုတ်ပယ်ခံလိုက်ရပြီး company ထဲမှာတော့ သူ့ရဲ့နေရာမှာ ကျန်ရှိနေအုံးမယ်ဆိုပါတယ်။ OpenAI​ မှပြောရေးဆိုခွင့်ရှိသူတွေကတော့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အကောင်းဆုံးတွေဖြစ်လာဖို့အတွက် လုပ်ဆောင်တာပါလို့ပဲ အသိပေးထားပါတယ်။

Greg ရဲ့ tweet ကိုတွေ့ရစဉ်
Sam Altman ရဲ့ Tweet ကိုတွေ့ရစဉ်

OpenAI ရဲ့ ပြောကြားချက်အရ Mr Altman က CEO ထမ်းဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ပျက်ကွက်လာပြီး board members တွေနှင့် ပြောဆိုဆက်ဆံရေးကလည်း တင်းမာလာတာကြောင့် သူ့ကို CEO ရာထူးအနေနှင့် တာဝန်ထမ်းဆောင်ခွင့် မပြုနိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။ Mr.Altman က အသက် ၃၈နှစ်မှာ ကမ္ဘာကြီးနှင့် AI ကြား တံတားတစ်ခုပမာ တည်ဆောက်ပေးခဲ့တဲ့ ChatGPT ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ မကြာသေးတဲ့ ကာလအချိန်တစ်ခုတည်းမှာပဲ အခြားနည်းပညာ company တွေနှင့်လက်တွဲလုပ်ကိုင်နိုင်ခဲ့ပြီး အောင်မြင်မှုကြီးကြီးမားမားရခဲ့ပါတယ်။ သို့ပေမယ့် သိပ်မကြာခင်မှာပဲ CEO ရာထူးက ထုတ်ပယ်ခံလိုက်ရတာကတော့ ဝမ်းနည်းစရာပါပဲ။

ဒီလိုအလားတူဖြစ်ရပ်မျိုး Apple ရဲ့ CEO ဟောင်း Steve Jobs လည်းကြုံခဲ့ရဖူးပါတယ်။ အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေနှင့် အတူတကွအလုပ်လုပ်တဲ့အခါ ညှိနှိုင်းဆွေးနွေးမှုတွေကလည်း အရေးကြီးကြောင်း သင်ခန်းစာတစ်ခုအဖြစ် ကျန်ခဲ့ပါတယ်။

Exit mobile version