OpenAI ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ Sam Altman နှင့် နောက်ဆက်တွဲသတင်းများ

AI လောကမှာ ရက်ပိုင်းလောက်က ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ အကြောင်းကတော့ Sam Altman ကို company ရဲ့ BOD အဖွဲ့က ထုတ်ပယ်လိုက်တာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ Sam Altman က OpenAI ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ Sam Altman ကို CEO ရာထူးကရပ်စဲလိုက်တဲ့အခါ ဝန်ထမ်းတွေအားလုံးကလည်း သူ့ကို CEO ရာထူးအဖြစ် လက်ဆက်မခံရင် အကုန်လုံးအလုပ်ထွက်မယ်ဆိုပြီး တောင်းဆိုကြပါတယ်။ Sam Altman ကို CEO ရာထူးမှ ထုတ်ပယ်ချင်းချင်းပဲ Microsoft Company မှ CEO က ချက်ချင်းရာထူးတစ်ခုပေးပြီး company မှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းပါတယ်။ Microsoft နှင့် OpenAI က company နှစ်ခုပူးပေါင်းပြီး Project အသစ်တွေလုပ်နေတာလည်း ရှိပါတယ်။ ဒီလိုကမ်းလှမ်းတာကို နည်းပညာရှင်တွေကတော့ လူကိုခန့်​တာထက် company တစ်ခုလုံးကို အပိုင်ဝယ်ယူတာက ပိုအကျိုးရှိတယ်လို့ ထင်မြင်ချက်ပေးကြပါတယ်။

ပထမဦးဆုံးအနေနဲ့ Sam Altman ပြန်လာခြင်းက Microsoft Company အတွက်လည်း ရေရှည်မှာ များစွာအကျိုးရှိလာနိုင်ပြီး AI လောကအတွက်လည်း အကျိုးပြန်ရှိလာနိုင်ပါတယ်။ ဒုတိယအချက်ကတော့ Microsoft Company ရဲ့ CEO, Nadella ကလည်း OpenAI Company မှာ အကြံပေးအနေနဲ့ လမ်းညွှန်ပြသမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။ Microsoft Company ကလည်း AI လောကမှာ အရေးပါတဲ့ company တစ်ခုဖြစ်ပြီး အခုချိန်မှာတော့ company နှစ်ခုပူးပေါင်းပြီး အလုပ်တူတူလုပ်ကြမှာ ဖြစ်တဲ့အတွက် AI ရဲ့ အနာဂတ်က ပိုမိုကောင်းမွန်လာနိုင်ပါတယ်။

Sam Altman နှင့် Microsoft, CEO ဖြစ်တဲ့ Nadella တို့ကို အတူတွေ့ရစဉ်

OpenAI company မှာတော့ အရင်ရှိခဲ့တဲ့ Board members ဟောင်းတွေကို ရာထူးကနှုတ်ထွက်ဖို့ အခြား နည်းပညာ companies တွေက လက်မှတ်ရေးထိုးတောင်းဆိုနေကြပါတယ်။ Companies ပေါင်း ၇၀၀ ကျော်မှ ဝန်ထမ်းပေါင်း ၇၀၀ ကျော်က​ BOD အဖွဲ့ဝင်ဟောင်းတွေကို ရာထူးမှ နှုတ်ထွက်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ Sam Altman ပြန်လာခြင်းက ဝန်ထမ်းတွေကို ပိုဦးဆောင်နိုင်စွမ်းရှိပြီး တိကျသေချာတဲ့ ရည်မှန်းချက်တွေဆီကို အရောက်သွားနိုင်မယ်လို့ ဝန်ထမ်းတွေက ယုံကြည်ကြပါတယ်။ Co-founder ဖြစ်တဲ့ Brockman ကလည်း Sam Altman ပြန်လာတာကို ဝမ်းသာအားရကြိုဆိုကြောင်း X မှာ တင်ထားခဲ့ပါတယ်။ Sam Altman ထွက်သွားတဲ့အချိန်ကာလလေးမှာပဲ company ရဲ့ အနာဂတ်က ပျောက်ဆုံးသွားသလို ဖြစ်ခဲ့ပြီး stock စျေးတွေလည်း ထိုးကျသွားခဲ့ပါတယ်။ အခုချိန်မှာတော့ အဆိုးထဲက အကောင်းဖြစ်လာတယ်လို့ လူတွေက ဖြေသာပြီး ဝန်ထမ်းတွေလည်း အလုပ်ပုံမှန် ပြန်ဆင်းတော့မှာဖြစ်ပါတယ်။

Exit mobile version