Myanmar End User
  • Home
  • News
  • Howto
  • Graphic Design
    • All
    • Illustrator
    • Photoshop
    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    ဒီဇိုင်း

    ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

    DALL-E 2 AI

    DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service
No Result
View All Result
  • Home
  • News
  • Howto
  • Graphic Design
    • All
    • Illustrator
    • Photoshop
    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Adobe မှ AI Video Generator Beta version ထုတ်ပြ

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    Social Media Graphic Design တွေကို အလိုအလျောက်ဖန်တီးပေးနိုင်တဲ့ Microsoft Designer AI

    ဒီဇိုင်း

    ဒီဇိုင်း တစ်ခုဆွဲမယ်ဆိုရင် အရောင်တွေကို ဘယ်လိုရွေးချယ်ရမလဲ?

    DALL-E 2 AI

    DALL-E 2 ကို သုံးပြီး AI Generated Picture တွေဖန်တီးကြမယ်

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    သင်မသိလောက်သေးတဲ့ Photoshop အသုံပြုပုံ (၅) မျိုး

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Line Theory – Line တွေကို ဆရာကျကျ ဒီဇိုင်းမှာသုံးကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop ထဲက Distort Displace ကိုသုံးပြီး ရေပြင်မှာ အရိပ်အတုလုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    Photoshop သုံးပြီး Glass Effect Style တစ်ခု လုပ်ကြမယ်

    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service
No Result
View All Result
Myanmar End User
No Result
View All Result
Sam Altman

OpenAI ရဲ့ CEO Sam Altman သို့မဟုတ် AI နည်းပညာကို လူတွေလက်ထဲရောက်ဖို့ အကောင်အထည်ဖော်ခဲ့သူ

Editorial Team by Editorial Team
April 8, 2023
in Knowledge
Reading Time: 3 mins read
0
0
SHARES
108
VIEWS
Share on FacebookShare on TwitterShare on Telegram
ADVERTISEMENT

AI နည်းပညာတွေနဲ့ ခေတ်လွန်သိပ္ပံဇာတ်လမ်းတွေအကြောင်းကို ကျနော်တို့ရုပ်ရှင်တွေ၊ ဆောင်းပါးတွေမှာ ဖတ်ဖူးကြ၊ စိတ်ကူးယဉ်ကြဖူးပေမယ့် AI ဆိုပြီး အင်တာနက်ပေါ်မှာ စတင်ပြီး ခေတ်စားလာတာကတော့ သိပ်မကြာသေးဘူးဘဲ ပြောရမှာပါ။ ၂၀၂၁ ဝန်းကျင်မှာ AI နဲ့ပတ်သတ်တဲ့ ပိုစ့်တွေ ခပ်စိတ်စိတ်မြင်လာရပြီး အခု ၂၀၂၃ ခုနှစ်မှာတော့ နိုင်ငံတစ်ကာမီဒီယာတွေနဲ့ အင်တာနက်တစ်ခွင်မှာ AI နဲ့ပတ်သတ်တဲ့ ပိုစ့်တွေကို နေ့စဉ်နာရီနဲ့အမျှ တွေ့နေရပါပြီ။

ဒီနေ့မှာတော့ အခုလို AI နည်းပညာတွေ အရမ်းရေပန်းစားနေရတဲ့ အကြောင်းရင်းကို ဖော်ပြဖို့ OpenAI ရဲ့ CEO ဖြစ်တဲ့ Sam Altman အကြောင်းကို MyanmarEndUser ကနေ တင်ဆက်ပေးလိုက်ပါတယ်။ AI နည်းပညာကို OpenAI အဖွဲ့အစည်းက စခဲ့တာမဟုတ်ပေမယ့် OpenAI က ဖန်တီးခဲ့တဲ့ ChatGPT Chatbot AI ကြောင့် အင်တာနက်မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေတာပါ။ အရင်က AI နည်းပညာဆိုတာ အစိုးရအဖွဲ့အစည်းတွေ၊ ကုမ္ပဏီကြီးတွေနဲ့ ကန့်သတ်ထားတဲ့သူအချို့သာ အသုံးပြုနိုင်မယ်လို့ ထင်ခဲ့ပေမယ့် အခုလို လူတွေရဲ့ လက်ထဲ Public အနေနဲ့ AI နည်းပညာကို အသုံးပြုနိုင်၊ သိနိုင်၊မြင်နိုင်အောင် အရောက်ပို့ခဲ့သူကတော့ OpenAI ရဲ့ CEO Sam Altman ဘဲ ဖြစ်ပါတယ်။

Table of Contents

  • Sam Altman ရဲ့ အသက်မွေးဝမ်းကြောင်း အစောပိုင်း
  • ဘက်စုံထူးချွန်သူ
  • OpenAI တွင် စတင်ပါဝင်လာခြင်း
  • ChatGPT ရဲ့ ရိုက်ခတ်မှု
  • Sam Altman ရဲ့ AI အပေါ်ထင်မြင်ချက်
  • လက်ရှိဘာလုပ်နေလဲ
  • နိဂုံးချုပ်

Sam Altman ရဲ့ အသက်မွေးဝမ်းကြောင်း အစောပိုင်း

​Sam Altman ကို ဧပြီ ၂၂၊ ၁၉၈၅ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ မွေးဖွားခဲ့ပြီး အသက် ၈ နှစ်အရွယ်ထဲက Programming ကို စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ စတန်းဖိုဒ့် တက္ကသိုလ်မှာ ကွန်ပြူတာသိပ္ပံဘာသာရပ်ကို သင်ကြားခဲ့ပြီး၂၀၀၅ ခုနှစ်မှာ တည်နေရာအခြေုပြု နည်းပညာဝန်ဆောင်မှု ကုမ္ပဏီ Loopt ကုမ္ပဏီကို စတင်တည်ထောင်ဖို့အတွက် တက္ကသိုလ်ကနေ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Green Dot Corporation က Loopt ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄၃.၄ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။

Sam Altman

Loopt ကုမ္ပဏီကိုရောင်းချပြီးနောက်မှာတော့ Sam Altman ဟာ Angel Investor တစ်ယောက်အနေနဲ့ လုပ်ငန်းပေါင်းများစွာမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပြီး ကမ္ဘာကျော် နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Airbnb, Stripe, Reddit တို့မှာလည်း ရှယ်ယာပါဝင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ Y-Combinator ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ရာနဲ့ချီတဲ့ ကုမ္ပဏီပေါင်းများစွာကို အိုင်ဒီယာကနေ လုပ်ငန်းရုပ်လုံးပေါ်သည့်အထိ ကူညီလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တစ်ဆက်ထဲမှာဘဲ နည်းပညာဆိုင်ရာ Startup တွေရဲ့ Mentor တစ်ယောက်အဖြစ်လည်း အမေရိကန်နည်းပညာလောကမှာ Sam Altman ကို အသိအမှတ်ပြုထားကြပါတယ်။

ဘက်စုံထူးချွန်သူ

Sam Altman ဟာ ဘက်စုံထူးချွန်သူ ( Multi-Talent ) တစ်ဦးဖြစ်ပြီး စာရေးကောင်းသူတစ်ဦးအဖြစ်လည်း နာမည်ကြီးပါတယ်။ ဟင်းချက်တာကိုလည်း ဝါသနာထုံသူတစ်ဦးဖြစ်ပြီး ဟင်းချက်နည်းအသစ်တွေကိုလည်း ဖန်တီးလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ Public Speaker တစ်ယောက်အဖြစ်လဲ မြင်တွေ့ရမှာဖြစ်ပြီး နည်းပညာလုပ်ငန်းရှင်တွေကို ထိရောက်တဲ့ အကြံပေးမှုတွေ၊ စိတ်ဓာတ်တက်ကြွအောင် လုပ်ဆောင်နိုင်သူတစ်ဦးအဖြစ်လည်း လူသိများပါတယ်။

ADVERTISEMENT

နိုင်ငံရေးမှာလည်း တက်ကြွစွာပါဝင်သူတစ်ဦးဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာမှာလည်း ငွေကြေးအမြောက်အမြားသုံးပြီး အလှူအတန်း ရက်ရောတဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီပေါင်းများစွာမှာလည်း နည်းပညာဆိုင်ရာ အကြံပေးအနေနဲ့လည်း ယခုအထိ လုပ်ကိုင်နေပါသေးတယ်။

OpenAI တွင် စတင်ပါဝင်လာခြင်း

OpenAI ဆိုတာ AI နည်းပညာကို တီထွင်ဖန်တီးနေတဲ့ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး Elon Musk, Greg Brockman တို့နဲ့အတူ Sam Altman ကလည်း OpenAI ကို ထောက်ပံ့ရန်အတွက် ၂၀၁၆ ခုနှစ်မှာ စတင်ပါဝင်ခဲ့ပါတယ်။ OpenAI မှာ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် ( CEO) တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ChatGPT ရဲ့ ရိုက်ခတ်မှု

GPT နည်းပညာကို အသုံးပြုထားတဲ့ ChatGPT Chatbot AI ဟာ လူတွေလက်ထဲကို လွယ်လွယ်ကူကူ အသုံးပြုလို့ရအောင် ရောက်ရှိလာတာကြောင့် တစ်ချိန်ထဲမှာဘဲ အချို့ အလုပ်အကိုင်တွေပေါ်မှာလည်း ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲပြီး သက်ရောက်မှု ရှိခဲ့ပါတယ်။ အာရှနိုင်ငံငယ်တွေမှာ AI ရဲ့ သက်ရောက်မှုကြောင့် ဆိုးကျိုးက မရှိသလောက်ဖြစ်ပေမယ့် အနောက်နိုင်ငံတွေမှာတော့ AI ရဲ့ သက်ရောက်မှုက သိသာလွန်းတာကြောင့် Anti AI အဖွဲ့အစည်းတွေ၊ ကုမ္ပဏီအချို့တွေက AI Development ကို နှေးကွေးပေးဖို့ တောင်းဆိုလာတဲ့အထိ ဖြစ်လာပါတယ်။ AI နည်းပညာကို လက်ရှိဖန်တီးနေတာထက် အရှိန်လျော့ဖို့ Open Letter ရေးတဲ့အထဲမှာ Elon Musk လည်း ပါဝင်လာပါတယ်။

Sam Altman ရဲ့ AI အပေါ်ထင်မြင်ချက်

လက်တွေ့ဘဝမှာ ဘေးကင်းပြီး အကျိုးရှိစေမယ့် AI နည်းပညာတွေ အကောင်အထည်ဖော် ဖန်တီးဖို့ရည်ရွယ်ထားသလို တစ်ချိန်ထဲမှာဘဲ AI ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ကျနော်တို့ ခံစားရနိုင်ပါတယ်လို့ ဆိုပါတယ်။ AI နဲ့ပတ်သတ်ပြီး ရေတို၊ရေရှ​ည် စီမံကိန်းတွေလည်း ရေးဆွဲထားပြီး AI ကို အကောင်းမြင်တဲ့ဘက်ကနေ Sam Altman ကတော့ အမြဲတမ်းရှိနေမယ်လို့ ဆိုပါတယ်။

လက်ရှိဘာလုပ်နေလဲ

OpenAI ရဲ့ CEO တစ်ယောက်အဖြစ်လည်း တာဝန်ယူနေသလို တစ်ဖက်မှာလည်း နျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုမှာလည်း အဓိပါ ပါဝင်လုပ်ဆောင်နေသူတစ်ဦးအဖြစ်လည်း တာဝန်ယူနေပါသေးတယ်။ ဒါ့အပြင် နည်းပညာကုမ္ပဏီအချို့မှာလည်း ဒါရိုက်တာအနေနဲ့ ဆောင်ရွက်နေသလို အကြံပေးအနေနဲ့လည်း လုပ်ဆောင်နေပါတယ်။

နိဂုံးချုပ်

Sam Altman အကြောင်း အပြည့်အစုံပြောမယ်ဆိုရင် စာအုပ်တစ်အုပ်စာ ဖြစ်သွားမှာမို့ လက်ရှိ AI အပေါ် Sam Altman ရဲ့ ဦးဆောင်မှုတွေ၊ လုပ်ဆောင်ချက်တွေကိုဘဲ အဓိကထားပြောသွားတာ ဖြစ်ပါတယ်။ အနာဂတ်ကို ဘေးကင်းပြီး လက်တွေ့အသုံးချလို့ရတဲ့ AI နည်းပညာကို ဖန်တီးဖို့နဲ့ လူတွေလက်ထဲကို ပို့ဆောင်နိုင်ဖို့က Sam Altman ရဲ့ လက်ရှိ အဓိက ရည်ရွယ်ချက်ဖြစ်သလို တစ်ချိန်ထဲမှာဘဲ AI ရဲ့ ရေတစ်ဖက်၊ မီးတစ်ဖက် အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အသုံးပြုတဲ့သူအပေါ်မှာဘဲ မူတည်တာဖြစ်တယ်လို့ Sam Altman က Twitter မှာ Tweet ထားပါသေးတယ်။

OpenAI ရဲ့ GPT နည်းပညာကိုအသုံးချပြီး ကိုယ်ပိုင် Application ဖန်တီးတည်ဆောက်လိုတဲ့ Developer များအတွက်လည်း အခွင့်အလမ်းပိုမိုများပြားလာပြီး တစ်ဖက်မှာလည်း သမရိုးကျ (Traditional) နည်းစနစ်အတိုင်းသွားနေတဲ့ နည်းပညာဖန်တီးသူတွေအတွက်လည်း တပ်လှန့်ထားသလိုဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် လူတိုင်းလက်ထဲကို AI နည်းပညာလွယ်လွယ်နဲ့ ရရှိလာပြီမို့ AI ရဲ့ဆိုးကျိုးကို ကြည့်မယ့်အစား အတူတစ်ကွတွဲဖက်လုပ်ကိုင်နိုင်စွမ်း၊ အကျိုးဖြစ်ထွန်းမှုနဲ့ အချိန်ကုန်သက်သာမှုစတဲ့ ကောင်းကျိုးတွေကိုလည်းရှိနေတာကို ကြည့်ခြင်းအားဖြင့် Sam Altman ဟာ AI နည်းပညာတော်လှန်ရေးရဲ့ အဓိက လက်တွေ့ပြောင်းလဲဦးဆောင်သူ တစ်ဦးလို့ ပြောရင်လည်း မမှားပါဘူး။

Sam Altman မတိုင်မှီ အရှေ့မှာ Private အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာလည်း AI နဲ့ပတ်သတ်ပြီး စမ်းသပ်ချက်တွေ၊ ထုတ်ကုန်တွေရှိခဲ့ပေမယ့် လူတွေလက်ထဲကို Public အနေနဲ့ မရောက်လာနိုင်ခဲ့သလို ပုံပြင်ဆန်ဆန်ဘဲ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ OpenAI အဖွဲ့အစည်းပေါ်လာပြီး Sam Altman ရဲ့ ဦးဆောင်မှုအောက်မှာ AI နည်းပညာဟာ တော်လှန်ရေးသဖွယ် ဖြစ်လာပြီး လူတွေလက်ထဲကို AI ဟာ နေ့စဉ်သုံးပစ္စည်းတစ်ခုလို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လတ်တလော အခြေအနေမှာ ဒီထက်မြင့်မားတဲ့ AI နည်းပညာတွေကို ကန့်သတ်မှုတွေပြုလုပ်ဖို့နဲ့၊ Update အသစ်တွေ မပေးဖို့အတွက် အမေရိကန်အစိုးရ အဖွဲ့အစည်းနဲ့ အခြားသော အဖွဲ့အစည်းတွေကလည်း Sam Altman ကို ဖိအားပေးလျက်ရှိပါတယ်။

ကိုးကား => Sam Altman: The Tech Titan Shaping the Future of AI by The Shortcut Media

Source: The Shortcut Media
Tags: AIEditor PicksOpenAISam Altman
Editorial Team

Editorial Team

MEU Editorial Team keeps you informed on the latest tech trends, social media buzz, and digital marketing insights. We cover everything you need to stay ahead of the curve.

Related Posts

OpenAI နှင့် Samsaung တို့လက်တွဲ
Knowledge

OpenAI နှင့် Samsaung တို့လက်တွဲ

November 24, 2024
Internet ကို ပြန်လိုချင်တဲ့ Tim Berners-Lee
Knowledge

Internet ကို ပြန်လိုချင်တဲ့ Tim Berners-Lee

November 20, 2024
အာကာသထဲကို ပထမဆုံးလွှတ်တင်မည့် သစ်သား Satellite
Knowledge

အာကာသထဲကို ပထမဆုံးလွှတ်တင်မည့် သစ်သား Satellite

November 10, 2024
OpenAI ရဲ့ Search Engine ကို ChatGPT မှာ အသုံးပြုနိုင်ပြီ
Knowledge

OpenAI ရဲ့ Search Engine ကို ChatGPT မှာ အသုံးပြုနိုင်ပြီ

November 1, 2024
Apple ရဲ့ စျေးအသက်သာဆုံးနှင့် အကောင်းဆုံးတွေထဲက ကွန်ပျူတာဖြစ်လာတဲ့ Mac Mini
Lifestyle

Apple ရဲ့ စျေးအသက်သာဆုံးနှင့် အကောင်းဆုံးတွေထဲက ကွန်ပျူတာဖြစ်လာတဲ့ Mac Mini

October 31, 2024
WhatsApp က ပိုက်ဆံဘယ်လိုရှာလဲ
Knowledge

WhatsApp က ပိုက်ဆံဘယ်လိုရှာလဲ

October 17, 2024
Next Post
Apple ရဲ့ WWDC 2023 ပွဲကို ဇွန်လတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေငြာ

Apple ရဲ့ WWDC 2023 ပွဲကို ဇွန်လတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေငြာ

Discussion about this post

  • About Us
  • Privacy Policy
  • Data Deletion Request
  • About Us
  • Privacy Policy
  • Data Deletion Request

© 2023 Myanmarenduser.com

Welcome Back!

Sign In with Facebook
Sign In with Google
OR

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • Home
  • News
  • Howto
  • Graphic Design
    • Photoshop
    • Illustrator
  • Lifestyle
  • Monetization
  • Travel
  • Services
    • In-Stream Ads Monetization Service

© 2023 Myanmarenduser.com

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.