NVIDIA Company က Game (NPCs) ဇာတ်ကောင် များနဲ့ အပြန်အလှန်စကားပြောနိုင်တဲ့ Generative AI နည်းပညာတစ်ခုကိုချပြ

NVIDIA Software Company က ဂိမ်းထဲမှာပါဝင်တဲ့ NPCs ဇာတ်ကောင်းများနဲ့ ဂိမ်းကစားသူများ သဘာ၀ကျကျ အပြန်အလှန်စကားပြောနိုင်တဲ့ Avatar Cloud Engine (ACE) လို့ခေါ်တဲ့ Generative AI နည်းပညာတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ Computex 2023 မှာ Video တစ်ပုဒ်အနေနဲ့ ချပြခဲ့ပြီး Video ထဲမှာ Kairos လို့ နာမည်ပေးထားတဲ့ ဂိမ်းကစားသူက Dystopian Ramen ဆိုင်ရှင် Jin (NPC) ဇာတ်ကောင်နဲ့ အပြန်အလှန်စကားပြောနေတာကို ပြသခဲ့ပါတယ်။ ဆိုလိုတာက နောက်ပိုင်း ဂိမ်းတွေမှာပါ ChatGPT လိုမျိုး AI Chatbot နဲ့ အပြန်အလှန်စကားပြောနိုင်တော့မှာဖြစ်ပါတယ်။ အခုပြသထားတဲ့ Video ကတော့ NPC ဇာတ်ကောင်ကို မိမိမေးချင်တာမေးလို့ ရမှာမဟုတ်ဘဲ အဆိုပါ ဂိမ်းနဲ့ ပက်သက်တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး အပြန်အလှန်စကားပြောသလို မေးလို့ ရမှဖြစ်ပါတယ်။

Avatar Cloud Engine (ACE) နည်းပညာကို အသုံးပြုထားတဲ့ သရုပ်ဖော် Video

အဆိုပါ Avatar Cloud Engine (ACE) နည်းပညာကို အသုံးပြုထားတဲ့ Game များကို ထုတ်ပြန်ကြေညာထားတာမရှိသေးပေမယ့် Stalker 2: Heart of Chernobyl နဲ့ Fort Solis Game တို့မှာ NVIDIA Company ရဲ့ Omniverse Audio2Face နည်းပညာကို ပေါင်းစပ်မို့ အလားအလာရှိတဲ့ လို့ သတင်းများအရသိရှိရပါတယ်။

Exit mobile version