Nvidia က 2D Video တွေကို  3D Object များဖြစ်အောင် ပြုလုပ်လို့ ရမယ့် AI Generated Model တစ်ခုကို မိတ်ဆက်

NVIDIA Software Company က ၎င်းတို့ရဲ့ နောက်ဆုံးပေါ် AI Model “Neuralangelo” လို့ခေါ်တဲ့ 3D Object Generator တစ်ခုကို မကြာသေးခင်က မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ “Neuralangelo” 3D Generator က မိမိရိုက်ထားသော 2D Video များမှာ ပါဝင်တဲ့ objectများရဲ့ အရွယ်အစား/ ပုံသဏ္ဍာန်တို့ကို တိကျစွာ ဖမ်းယူပြီး 3D Virtual Object များဖြစ်အောင် ဖန်တီးပေးမှာဖြစ်ပါတယ်။

NVIDIA Company ထုတ်ဖော်ပြသထားတဲ့ Neuralangelo 3D Object Generator,

Neuralangelo ဟာ Gameများ ဖန်တီးတဲ့ အခါ လိုအပ်တဲ့ Vision များ Object များနဲ့ တစ်မူထူးခြားတဲ့ Virtual Content များ ဖန်တီးနေတဲ့ Video Content Creator များ အတွက် အများကြီး အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ NVIDIA Company က ဆိုထားပါတယ်။ Neuralangelo ကို လာမယ့် ဇွန်လ 18 ရက်မှ 22 ရက်အထိ ဗန်ကူးဗားမှာ ကျင်းပပြုလုပ်မယ့် Computer Vision and Pattern Recognition ပွဲမှာ Company ထုတ်ဖော်ပြသမယ်လို့ သိရှိရပါတယ်။

Exit mobile version