နှစ်ပေါင်း ၆၀ အတွင်း ပထမဦးဆုံးအကြိမ် Rebranding လုပ်ခဲ့တဲ့ Nokia

တစ်ခေတ်တစ်ခါက phone လောကကို ကြီးစိုးခဲ့တဲ့ ဖင်လန်ကုမ္ပဏီ Nokia ကတော့ နှစ်ပေါင်း၆၀အတွင်းမှာ ပထမဦးဆုံးအကြိမ် သူတို့ရဲ့ Logo ကိုပြောင်းလဲလိုက်ပါပြီ။ ဒီလို Rebrand လုပ်လိုက်တာက ကုမ္ပဏီရဲ့ Business Strategy ကို ပြောင်းလဲလိုက်တဲ့အတွက်ကြောင့်ဖြစ်ပြီး smartphone နဲ့ပက်သက်မှုကို ဖယ်ရှားလိုတဲ့အတွက်ကြောင့်ပါ လို့ Company Director Pekka Lundmark ကနေ Reuter သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

“တစ်ချိန်က Smartphoneတွေ နဲ့ပက်သက်ခဲ့ပေမယ့် အခုကတော့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်နေပါပြီ” လို့ Pekka Lundmark ကပြောကြားခဲ့ပါတယ်။

သင့်အနေနဲ့ရော Nokia Rebranding လုပ်ခြင်းအပေါ်အမြင်လေးတွေဝင်ရောက်ဆွေးနွေးခဲ့ပါဦးနော်။

The Whole Event about Nokia business update => https://www.youtube.com/watch?v=lOKXBAIhRsQ&t=824s

#MyanmarDesignChannel #MyanmarEndUser

Exit mobile version