Nike က “Virtual Creation” အနေနဲ့ ပထမဆုံး ချပြလိုက်တဲ့ Our Force 1 (OF1) Series

2022 နိုဝင်ဘာလ က စတင်မိတ်ဆက်ခဲ့တဲ့ Swoosh Web3 Platform မှာ ပထမဆုံး အနေနဲ့ Digital Collectibles တစ်ခုကို Nike ကထုတ်လုပ်ဖို့စီစဉ်နေတယ်လို့ သိရှိရပါတယ်။ Our Force 1 (OF1) လို့ နာမည်ပေးထားတဲ့ “Virtual Creations” ကို မေလ ၈ ရက်နေ့မှာ ထုတ်ဝေမှာဖြစ်ပြီး Public ထဲကိုတော့ မေလ ၁၀ ရက်နေမှာ တရားဝင်ကြေညာမှာဖြစ်တယ်လို့ သိရှိရပါတယ်။

 Digital Collectibles Our Force 1 (OF1) series, image: NFT News Pro

“Classic Remix” နဲ့ “New Wave” လို့နာမည်ပေးထားတဲ့ Virtual Creations Boxs ကို ဝယ်ချင်ရင်တော့ တစ်ခုကို တစ်လ $19.82 ဖြင့် ဝယ်လို့ရမှာဖြစ်ပါတယ်။ OF1 Collection မှာ Nike Virtual Creations 100,000 ကျော်ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီထဲက အချို့ ဒီဇိုင်းတွေကတော့ ၁၉၈၂ ခုနှစ်လောက်က Old School Designs တွေဖြစ်ပါတယ်။ အခု ထွက်ရှိလာတဲ့ Digital Collectibles က Virtual Creations သက်သက်မဟုတ်ဘဲ နောက်ပိုင်း ထုတ်လုပ်မယ့် Product Design များပါ Box ထဲတွင်ပါဝင်တယ်လို့ Nike က ပြောကြားထားပါတယ်။

OF1 Series ကို ဝယ်ထားတဲ့သူတွေအနေနဲ့ 3D file အဖြစ်Download ဆွဲလို့ ရမှာဖြစ်ပြီး Box တစ်ခုဆီမှာ ယခင် “Your Force 1” Contest Winner များရဲ့ Designs လေးခုဆီ ပါဝင်မှာဖြစ်ပါတယ်။ Our Force 1 (OF1) Virtual Creations Boxs ကိုဝယ် ယူချင်တယ်ဆိုရင်တော့ Swoosh Web3 မှာ Account တစ်ခုရှိမှ Swoosh Account ID နဲ့ ဝယ်ရမှာဖြစ်ပါတယ်။

Exit mobile version