Nextdoor က “Neighborhoods” app မှာ Generative AI Feature တစ်ခုကိုထည့်သွင်း

Social Network Platform Company တစ်ခုဖြစ်တဲ့ Nextdoor က ၎င်းတို့ရဲ့ “Neighborhoods” app မှာ “Assistant” လို့ နာမည်ပေးထားတဲ့ Generative AI Feature တစ်ခုကိုထည့်သွင်း မယ်လို့ သိရှိရပါတယ်။ ၎င်း AI Assistant ကို “potentially unkind”အခြေနေအရေးသားများ အတွက်အကောင်းဆုံး အကြံပြု ဆွေးနွေးနိုင်မယ်လို့ Company က ပြောကြားထားပါတယ်။

The app’s new “assistant” can also rewrite posts more likely to “get better responses.”

Nextdoor ရဲ့ CEO Sarah Friar ကတော့ “Assistant” ဟာ Users များအတွက် မထင်မှတ်ထားတဲ့ အတွေးအခေါ် အကြံပြုချက်များကို ပေးစွမ်းနိုင်ရန် ဒီဇိုင်းထုတ်ထားတယ်လို့ ပြောကြားထားပါတယ်။ Users များက Suggested Wording များကို မကြိုက်ပါက နောက်ထပ် Suggested လုပ်နိုင်ကြောင်း သိရှိရပါတယ်။ Generative AI Feature “Assistant” ကို “Neighborhoods” app မှာ Free အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ OpenAI models ကို အသုံးပြုထားပြီး Nextdoor က ၎င်းတို့ရဲ့ Dataများကို အသုံးပြုထားကာ စနစ်တကျ လေ့ကျင့်ထားတာကြောင့် မတူညီသောပို့စ်အမျိုးအစားများအတွက် အံဝင်ခွင်ကျ ဖြစ်စေမယ့် အကြံပြုချက်များ ပေးစွမ်းနိုင် လိမ့်မယ်လို့ Company က ပြောကြားထားပါသေးတယ်။ AI Feature “Assistant” ကို မေလ လယ်လောက်မှာ စတင်အသုံးပြုလို့ ရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Exit mobile version