Artists တွေကို AI မှ ကာကွယ်ပေးမယ့် Tools အသစ်အား Adobe မှ မိတ်ဆက်

Adobe ဟာ Content Authenticity လို့ခေါ်တဲ့ Tools အသစ်ကို Artists တွေ အတွက် မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Tools လို့ ပြောထားပေမယ့် အမှန်တော့ Web Apps တစ်ခု ဖြစ်ပြီး Artists တွေရဲ့ ဖန်တီးမှုတွေကို AI ရန်မှ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

Adobe ရဲ့ ရှင်းပြထားမှုအရ Artists တွေဟာ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ ပုံတွေ၊ Videos တွေ၊ Audio တွေ အားလုံးကို Content Authenticity Web Apps မှာ AI နဲ့ ဖန်တီးထားတာ မဟုတ်ကြောင်း သွားရောက် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားမှုကတော့ မှတ်တမ်းတင်ထား ရုံသာမက ဓာတ်ပုံ၊ Video နဲ့ Audio တို့ရဲ့ Info နဲ့ အခြား ချိတ်ဆက်ထားတဲ့ Social Media Platform တွေမှာပါ ဖန်တီးသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဝင်သွားမှာ ဖြစ်ပါတယ်။

Content Authenticity Web Apps ဟာ Adobe ရဲ့ Firefly AI Models နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး Photoshop ၊ Lightroom နဲ့ အခြားသော Creative Cloud Apps တွေမှာပါ တိုက်ရိုက် အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Adobe ကို မဝယ်ယူထားသူများအနေနဲ့လည်း Free အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Content Authenticity Web Apps ကို အခုအချိန်မှာ စမ်းသပ်နေဆဲဖြစ်ပြီး ၂၀၂၅ ခုနှစ်မှ တရားဝင် အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ကြောင်းလည်း Adobe က ပြောပါတယ်။

Exit mobile version