Windows တွေအပြင် Mac OS ကိုပါ Hack နိုင်တဲ့ Malware တစ်ခုကို ရှာတွေ့

MalVirt malware ဆိုတာ ဘာလဲ?

Malvirt

SentinelOne Cybersecurity ကုမ္ပဏီရဲ့ SentinelLabs ရှိ သုတေသီများဟာ Malvertising attacks လို့ခေါ်တဲ့ Website ကြော်ငြာများမှ တစ်ဆင့်တိုက်ခိုက်ခြင်းတွေကို လေ့လာရာမှာ .NET မှတစ်ဆင့် MalVirt ဟု အမည်ပေးထားတဲ့ Malware ကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ MalVirt ဟာ Windows တွေအပြင် Mac OS ရှိ Data တွေကိုပါ ခိုးယူနိုင်တာဖြစ်ကြောင်း သိရပါတယ်။ MalVirt ဟာ .NET ကို ကာကွယ်ပေးသည့် KoiVM tool ကို ရှုပ်ထွေးအောင် ပြုလုပ်ပြီးနောက် အသုံးပြုသူ၏ အချက်အလက်တွေကို ခိုးယူတာဖြစ်ပါတယ်။ MalVirt ဟာ Formbook လို့ခေါ်တဲ့ malware နှင့် XLoader လို့ခေါ်တဲ့ malware နှစ်ခုကို ပေါင်းစပ်ထားတဲ့ malware ဖြစ်ကြောင်း သုတေသီများ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာတော့ MalVirt Malware ကို ကာကွယ်နိုင်ဖို့အတွက် သုတေသီများက နည်းလမ်းရှာ မတွေ့သေးပါဘူး။ အဆိုပါ Malware ဟာ Web page များရှိ ကြော်ငြာလင့်တွေကနေ တစ်ဆင့်ခံပြီးဝင်လာတာဖြစ်တာကြောင့် Low Quality Ads Platform ပေါ်က ကြော်ငြာလင့်တွေကနေ ဝင်လာဖို့ အခွင့်အလမ်းပိုများပါတယ်။ ဥပမာ လောင်းကစားကြော်ငြာများ၊ ပိုက်ဆံ တစ်ဆထည့်လျှင် နစ်ဆ ပြန်ရမည်ဆိုသော လူ့လောဘကို အခြေခံသော ကြော်ငြာများ …။

Exit mobile version