iPad Mini အသစ်ကို မြင်ရဖို့ တစ်နှစ်ထပ်စောင့် ရတော့မလား?

iPad Mini အသစ်ကို မြင်ရဖို့ တစ်နှစ်နောက်ကျနိုင်

Apple ကို စောင့်ကြည့်ပြီး သုံးသပ်မှုတွေပြုလုပ်နေတဲ့ Ming-Chi Kuo ရဲ့ ပြောပြချက်အရ နောက်ထပ် ထွက်လာမယ့် iPad Mini ဟာ processor အသစ်ကို သုံးထားမှာ ဖြစ်ပြီး ၂၀၂၃ အကုန် မဟုတ်ရင် ၂၀၂၄ ပထမ လဝက်လောက်မှ ဈေးကွက်ထဲကို ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ Apple ရဲ့ ထုတ်ပြန်ချက် မဟုတ်ပဲ Ming-Chi Kuo ရဲ့ သုံးသပ်မှုသာ ဖြစ်လို့ အတိအကျတော့ မှတ်ယူလို့ မရသေးပါဘူး။

iPad Mini အသစ်ကို မြင်ရဖို့ တစ်နှစ်ထပ်စောင့် ရတော့မလား?
iPad mini

Apple ဟာ iPad Mini ကို ၂၀၁၂ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ မှာ ဒီဇိုင်းအသစ် ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ ထိုနောက်ပိုင်းမှာတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ မရှိသေးပါဘူး။ Ming-Chi Kuo ရဲ့ ပြောပြချက်အရ iPad Mini အသစ်မှာ အဓိကထားပြီး ရောင်းချမှာကတော့ processor ဖြစ်တယ်လို့ သိရပါတယ်။

ထို့ကြောင့် အသစ် ထွက်လာမယ့် iPad Mini ဟာ လက်ရှိ iPhone 14 pro မှာ အသုံးပြုထားတဲ့ A16 Bionic chip ကိုပဲ သုံးထားမလား (သို့မဟုတ်) M-serises chip တွေကိုပဲ သုံးထားမလားဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရသေးပါဘူး။ သေချာတာကတော့ iPad Mini အသစ်ကို မြင်ရဖို့ရန် ကျွန်တော်တို့ တစ်နှစ်ထပ်စောင့် ရနိုင်ချေ ရှိနေပြီး ဖြစ်ပါတယ်။

Exit mobile version