Android ဖုန်းများရဲ့ Find My Device မှာ ပါဝင်လာမယ့် Setting အသစ်

Google Play Service ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Beta Version v24.12.14 မှာ Find My Device အတွက် Setting အသစ်တစ်ခု တိုးလာတာ ဖြစ်ပါတယ်။

Google ရဲ့ Find My Device ဟာ ဖုန်းအပြင် Smartwatch လိုမျိုး Google နဲ့ ချိတ်ဆက်ထားတဲ့ Smart Devices တွေကိုပါ ရှာဖွေနိုင်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ Beta Version အသစ်မှာ မိမိရဲ့ Smart Devices တွေကို Online မှာ သာမက Offline အနေအထားမှာပါ ရှာဖွေနိုင်တဲ့ Setting တစ်ခု ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူများတဲ့ နေရာများ ဥပမာ လေယာဥ်ကွင်းလိုနေရာမျိုးမှာ သီးသန့်အသုံးပြုနိုင်တဲ့ Setting လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Offline ဖြစ်နေချိန် Device ကို ရှာဖွေနိုင်တဲ့ Function ကို Setting ထဲမှာ ဖွင့်ထားလိုက်မယ်ဆိုရင် ရှာဖွေလိုတဲ့ Device ရဲ့ နောက်ဆုံး Online ဖြစ်ခဲ့တဲ့ နေရာကို အလိုအလျှောက် မှတ်သားထားပေးမှာ ဖြစ်ပါတယ်။ Device ဟာ ၎င်း နေရာမှာ မရှိတော့ဘူးဆိုရင်တော့ ဆက်လက်ရှာဖွေလို့ မရတော့တဲ့ ပြဿနာ တစ်ခုရှိနေပါသေးတယ်။ လူများတဲ့ Public Place မှာ ပျောက်သွားတယ်ဆိုရင် သင့်ရဲ့ Device ဟာ Offline ဖြစ်နေရင်တောင် Public Place မှ Wifi ကို အလိုအလျှောက် ချိတ်ဆက်ပေးမှာ ဖြစ်တာကြောင့် ပြန်လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့ Function အသစ်တွေဟာ Android ဖုန်းတွေမှာ ပါဝင်လာမယ့် Find My Device အတွက် Setting အသစ်များဖြစ်ပြီး လက်ရှိမှာတော့ Beta Version အဆင့်ပဲ ရှိနေသေးတာကြောင့် ကျွန်တော်တို့အားလုံး အသုံးပြုနိုင်ဖို့ စောင့်ရအုံးမှာ ဖြစ်ပါတယ်။

Exit mobile version