Spotify မှာ ပါဝင်လာတဲ့ AI Playlist Feature အသစ်

Spotify ဟာ AI နဲ့ ဖန်တီးပေးမယ့် Playlist Feature အသစ်ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ Feature ဟာ အရင်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Spotify AI DJ နဲ့ မတူပဲ ပိုမိုအဆင်ပြေစေမယ့် Feature ပဲ ဖြစ်ပါတယ်။

အသစ်ပါဝင်လာတဲ့ AI Playlist Feature ဟာ အသုံးပြုသူ လိုချင်တဲ့ သီချင်းအမျိုးအစား (သို့မဟုတ်) လိုချင်တဲ့ ခံစားမှုကို AI Chatbot ထဲမှာ ရိုက်ပေးလိုက်တာနဲ့ ၎င်းနဲ့ ကိုက်ညီမယ့် သီချင်းအပုဒ် (၃၀) ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဥပမာ – မိုးရွာနေတုန်း အလွမ်းအဆွေးခံစားချက် ပေးနိုင်မယ့် သီချင်းများလို့ ရိုက်လိုက်ရင် မိုးနဲ့ သက်ဆိုင်ပြီး အလွမ်းအဆွေပုံစံ သီဆိုထားတဲ့ သီချင်းအပုဒ် (၃၀) ကို ဖော်ပြပေးမှာ ဖြစ်ပြီး ၎င်း သီချင်းများထက် ပိုမိုလွမ်းဆွေးချင်ရင်လည်း Chatbot ထဲကို ထပ်မံရိုက်ထည့်ကာ လိုအပ်သလို ချိန်ညှိနိုင်အုံးမှာ ဖြစ်ပါတယ်။ အခုရှင်းပြချက်မှာ မြန်မာလို ဖော်ပြခဲ့ပေမယ့် Chatbot မှာတော့ English လို ရေးသားရမှာ ဖြစ်ပါတယ်။

Spotify ကတော့ AI Playlist ရဲ့ အလုပ်လုပ်မှု ပိုမိုကောင်းမွန်စေဖို့ ရှာဖွေတဲ့အခါ ခံစားချက်၊ ခုနှစ်၊ တိရစ္ဆာန်၊ အရောင်နှင့် အနုပညာရှင်နာမည် အစရှိတာတွေကို ထည့်သွင်းရေးသားပေးရန် အကြံပြုထားပါတယ်။ လက်ရှိမှာတော့ AI Playlist Feature အသစ်ကို EU နှင့် သြစတေးလျနိုင်ငံရှိ Subscription ပြုလုပ်ထားသူများသာ အသုံးပြုနိုင်အုံးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Exit mobile version