Adobe Firefly မှာ AI Features အသစ်များစွာ ထည့်သွင်းပေးလိုက်တာကြောင့် တေးသံများ၊ မိန့်ခွန်းများနဲ့ Videos များကိုပါ Generate လုပ်နိုင်ပြီ ဖြစ်ပါတယ်။ Adobe Firefly ရဲ့ နောက်ဆုံး Update Version မှာ AI အပေါ်များစွာ မှီခိုထားတာ တွေ့ရပြီး ဇာတ်ကြောင်းများ ပြောပြခြင်း၊ သီချင်းများ ဖန်တီးခြင်း၊ မိန့်ခွန်းများ ဖန်တီးခြင်း၊ ဓာတ်ပုံနဲ့ Videos များ ဖန်တီးခြင်း အစရှိတာတွေကို စာရိုက်ပြီး ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။ Creators အများစုကတော့ အခုလိုမျိုး AI တွေကို မနှစ်မြို့ကြတာ တွေ့ရပြီး Adobe ကတော့ သူတို့ရဲ့ AI Tools တွေဟာ လူတွေရဲ့ ဖန်တီးနိုင်မှု စွမ်းရည်ကို အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Adobe Firefly ရဲ့ Private Beta Version မှာ ထည့်သွင်းပေးထားတဲ့ Firefly Video Editor ဟာ Adobe Premiere Pro လိုမျိုး Video Edit နဲ့ ပတ်သက်ပြီး များစွာပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် Adobe Premiere Pro နဲ့ မတူတဲ့ အချက်ကတော့ Web-based ဖြစ်သွားမှာ ဖြစ်ပါတယ်။ Video Edit ပြုလုပ်ရာမှာ Frame-by-frame Precision (သို့မဟုတ်) Built-in Transcript နဲ့ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်းလည်း Adobe က ပြောပါတယ်။

Adobe ရဲ့ Generate Soundtrack အသစ်ဟာ Firefly Audio Model ရဲ့ AI Music Generator ဖြစ်ပြီး အသံသွင်းခြင်းနဲ့ တီးလုံးများ ဖန်တီးမှုမှာ လူတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ၎င်း AI Model ဟာ အသုံးပြုသူ Upload လုပ်လိုက်တဲ့ Video Clip တိုင်းနဲ့ လိုက်ဖက်မယ့် အသံတွေ၊ တီးလုံးတွေ၊ သီချင်းတွေကို ဖန်တီးပေးနိုင်သလို Video ရဲ့ လှုပ်ရှားမှုနဲ့ အတိအကျ ဖြစ်အောင်လည်း ချိန်ညှိပေးနိုင်ကြောင်း သိရပါတယ်။
Firefly ရဲ့ Speech Model ဟာ Audio Model နဲ့ လုပ်ဆောင်ချက်ခြင်း တူညီပေမယ့် ၎င်းကတော့ ဘာသာစကား မျိုးစုံနဲ့ အသက်ဝင်တဲ့ အသံတွေ၊ ခံစားချက် မျိုးစုံပေးနိုင်မယ့် အသံတွေ၊ သဘာဝနဲ့ အနီးစပ်ဆုံးတူညီတဲ့ အသံများကို အလေးပေး ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်ပါဝင်လာတဲ့ Tools ကတော့ Firefly Production Tool ဖြစ်ပြီး Firefly App ထဲမှာ တိုက်ရိုက်ပါဝင်လာမှာ ဖြစ်ပါတယ်။ ၎င်းမှာ AI Powered Image Editing System ပါဝင်တာကြောင့် Prompt တစ်ကြောင်းနဲ့ အလိုအလျှောက် Background ပြောင်းခြင်း၊ Color Grading ပြုလုပ်ခြင်းနဲ့ Crop လုပ်ခြင်းတို့ကို ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ၎င်း Features ဟာ Adobe ရဲ့ နောက်ဆုံး Model ဖြစ်တဲ့ Firefly Image Model 5 AI နဲ့ အလုပ်လုပ်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
နောက်ထပ် Feature ကတော့ Firefly Boards ဖြစ်ပြီး ၎င်းဟာ AI စွမ်းအားသုံး အကြံဉာဏ်များ ဖန်တီးပေးနိုင်တဲ့ Feature ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ Feature ဟာ အကြံဉာဏ်အသစ်များ၊ အယူအဆ အသစ်များကို သင်နဲ့အတူ တီထွင်ကြံဆပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးဖြစ်တဲ့ Rotate Object Feature ဟာ 2D ပုံတွေကို 3D ပုံအဖြစ် ပြောင်းလဲပေးနိုင်မှာ ဖြစ်တာကြောင့် ပုံတွေကို ရှုထောင့်မျိုးစုံမှ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ Adobe Firefly မှာ ပါဝင်လာတဲ့ AI Feature အသစ်တွေ ဖြစ်ပြီး Subscriptions Plan တွေကတော့ ဈေးပေါမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။