Netflix က ပထမဆုံးစတင်ကြေငြာလိုက်တဲ့ Cloud Gaming Service

Netflix ဟာ Cloud-Streamed ဂိမ်းများအတွက် ၎င်းတို့ရဲ့ ပထမဆုံး စမ်းသပ်မှုကို စတင်နေပြီ ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ အဆိုပါ စမ်းသပ်မှုကို Canada နဲ့ UK ရှိ ၎င်းတို့ရဲ့ Streaming Subscriber များထဲကမှ အရေအတွက် အကန့်အသတ်ဖြင့် စမ်းသပ်ဆော့ကစား နိုင်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ စမ်းသပ်ထုတ်လွှင့်ထားတဲ့ ၎င်းတို့ရဲ့ servers ထဲက ဂိမ်းများကို Netflix နဲ့ ချိတ်ဆက်ထားတဲ့ TV, Web browser များမှာ တိုက်ရိုက်ကစားလို့ ရမှာ ဖြစ်ပါတယ်။

စတင်ကြေညာ လိုက်ပြီ ဖြစ်တဲ့ Netflix ရဲ့ ပထမဦးဆုံး Cloud-Game Streaming Service

ကနဦးရွေးချယ်မှုမှာ Small Game များဖြစ်ပေမယ့် Night School Studio ရဲ့ လူကြိုက်များတဲ့ နာမည်ကြီး Oxenfree(Narrative Adventure), Molehew’s Mining Adventure နဲ့ New Gem-Mining Arcade Game များပါဝင်တယ်လို့ သိရပါတယ်။

Netflix က ၎င်းတို့ရဲ့ Cloud ဂိမ်းအစပျိုးမှုမှာ အစောပိုင်းအဆင့်တွင် ရှိနေဆဲဖြစ်သော်လည်း စမ်းသပ်မှုဟာ အလားအလာရှိသော လက္ခဏာတစ်ခုဖြစ်လာမယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် Google Stadia နဲ့ Amazon Luna တို့ကို ယှဉ်ပြိုင်နိုင်ရန်အတွက်လည်း အလေးအနက်ထားကြောင်း ပြောကြားထားပါတယ်။

လက်ရှိစမ်းသပ်နေတဲ့ Netflix ရဲ့ Cloud-Game Streaming ရဲ့ အားသာချက်မှာ ၎င်းနဲ့တွဲဆော့မယ့် ဂိမ်းခလုတ် ဒါမှမဟုတ် Keyboard/Mouse တို့ကို အသုံးပြုစရာမလိုဘဲ ၎င်းတို့မှာ ပါရှိတဲ့ QR Code ကို မိမိတို့ရဲ့ ဖုန်းမှာ Scan ဖတ်လိုက်ရုံနဲ့ ဖုန်းကို ဂိမ်းခလုတ်အနေနဲ့ ကစားလို့ရမှာ ဖြစ်ပါတယ်။ Netflix ဟာ အဆိုပါ ဝန်ဆောင်မှုကို အောင်မြင်အောင် ပြုလုပ်နိုင်ပါက Gaming Industry မှာ ကြီးမားတဲ့ အောင်မြင်မှုရနိုင်ဖွယ်ရှိနေပါတယ်။

Exit mobile version