‘Captain Laserhawk: A Blood Dragon Remix’ ကို မကြာခင် Netflix မှာ 2D Animation အနေနဲ့ ပြသတော့မည်

2013 ခုနှစ်တုန်းက တွက်ရှိခဲ့တဲ့ Ubisoft (Video Game Company) ရဲ့ Far Cry 3: Blood Dragon Video Game ကို ဒီနှစ်အတွင်း Netflix မှာ ပြတော့မှာ ဖြစ်တယ်လို့ ကြေညာခဲ့ ပါတယ်။ Netflix ရဲ့ “Castlevania” Serise ဖန်တီးသူ Adi Shankar က အဆိုပါ Captain Laserhawk Serise ကို ဖန်တီးထားတာဖြစ်ပြီး Bobbypills Studio က Animation အပိုင်းကို တာဝန်ယူထားတာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲ ကိုတော့ ၁၉၉၂ ခုနှစ်မှာ ဖြစ်ပွားခဲ့ပုံကို အခြေခံထားပြီး ” ဇာတ်လမ်းအစကို အမေရိကန်ပြည်ထောင်စုပြိုလဲသွားပြီး Eden လို့ခေါ်တဲ့ Dystopian နိုင်ငံတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ Serise ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Dolph Laserhawk က သူ့ရဲ့ အဖွဲ့သားများကို လိုက်စုဆောင်းပြီး Revolution တစ်ခုကို စတင်မှာဖြစ်ပါတယ်” Adi Shankar က Serise ကို 6 episodes ပြသမှာဖြစ်ပြီး Dystopian Fiction နဲ့ ဖန်တီးထားပြီး ဇာတ်ကောင်တွေရဲ့ စိတ်ကူးယဉ်ဆန်ဆန် စွန့်စားမှုတွေကို တစ်၀ကြီး ကြည့်ရှူရမှာဖြစ်ပါတယ်။ ‘Captain Laserhawk: A Blood Dragon Remix’ ရဲ့ Video Trailer ကိုတော့ အောက်မှာ ပြသပေးထားပါတယ်။

Exit mobile version