Apple မှ တစ်ဆင့် ငွေပေးချေမှုကို လက်မခံတော့တဲ့ Netflix

Apple ရဲ့ ငွေပေးချေမှုစနစ်နဲ့ Subscribe လုပ်ထားသူများကို လက်မခံတော့ဘူးဖြစ်ကြောင်း Netflix က အတည်ပြုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Netflix ကိုယ်စားလှယ် Momo Zhao ရဲ့ ပြောပြမှုအရ iTunes ငွေပေးချေမှုစနစ်ကို အသုံးပြုနေတဲ့ အခြေခံ Members များကို ငွေပေးချေမှု ကန့်သတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် Apple အသုံးပြုသူများဟာ Netflix ကို Subscribe လုပ်ချင်ရင် Credit Card (သို့မဟုတ်) Debit Card တို့နဲ့ Web မှာ တိုက်ရိုက် Subscribe လုပ်ရတော့မှာ ဖြစ်ပါတယ်။

အခုလိုမျိုး ပြုလုပ်ရခြင်းဟာ Apple ရဲ့ ငွေပေးချေမှုစနစ် အသုံးပြုသူတိုင်းကို Apple က ဝန်ဆောင်ခ ၃၀ ရာနှုန်း တောင်းခံနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုအချိန်ကစလို့ Apple အသုံးပြုသူများဟာ Netflix ကို အသုံးပြုချင်ပါက Web ကနေ တိုက်ရိုက် Subscribe လုပ်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version