Netflix တွင် My Netflix Feature အသစ်ကို ထည့်သွင်း

Netflix ကို iOS App နဲ့ အသုံးပြုသူများအတွက် My Netflix ဆိုတဲ့ Feature အသစ်ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

iOS Devices များရှိ Netflix App ရဲ့ ညာဘက်ထောင့်နားလေးမှာ My Netflix ဆိုတဲ့ Feature တစ်ခု ပိုလာမှာ ဖြစ်ပြီး ၎င်း Feature ဟာ အသုံးပြုသူများအတွက် ကြည့်လိုတဲ့ ရုပ်ရှင်တွေကို အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ My Netflix မှာ မြင်ရမယ့်အရာတွေကတော့ My List ထဲထည့်ထားတဲ့ ရုပ်ရှင်များ၊ Download လုပ်ထားတဲ့ ရုပ်ရှင်များ၊ လက်ရှိကြည့်နေဆဲ ရုပ်ရှင်များအပြင် လက်မ ပေးခဲ့တဲ့ ရုပ်ရှင်များနဲ့ ကြည့်ခဲ့တဲ့ ရုပ်ရှင် Trailers များပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် စိတ်ဝင်စားလို့ ဝင်ကြည့်ခဲ့တဲ့ ရုပ်ရှင်များကို My List ထဲ မထည့်မိခဲ့ရင်တောင် My Netflix မှာ အလွယ်တကူ ပြန်ရှာလို့ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ My Netflix ကို iOS မှာသာ အသုံးပြုနိုင်ပြီး Android တွေအတွက်တော့ သြဂုတ်လထဲမှာ ရရှိမယ်လို့ သိရပါတယ်။ Netflix ကို Web ကတစ်ဆင့် ကြည့်ရှုသူများအတွက်တော့ ဒီ Feature ကို ထည့်သွင်းဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

Exit mobile version