Neopets က ‘new era’ လို့ အမည်ပေးထားတဲ့ ၎င်းတို့ရဲ့ Website အသစ်ကို ကြေညာ

1999 ခုနှစ်လောက်က စတင်ထုတ်လွှင့်ခဲ့တဲ့ Virtual Pet Website တစ်ခုဖြစ်တဲ့ Neopets က ပိုမိုကောင်းမွန်တဲ့ Website အသစ် ‘new era’ ကို ဇူလိုင်လ 20 ရက်နေ့မှာ စတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ Website မှာ Neopets ရဲ့ လုပ်ဆောင်မှု သတင်းတွေ ဆောင်းပါးတွေ ဝန်ဆောင်မှုလုပ်ငန်းများနဲ့ ၎င်းတို့ရဲ့ Game အသစ်များ Product များ အားလုံးကို တစ်နေရာထဲမှာ ကြည့်ရှူလို့ ရမှာဖြစ်ပြီး အရင်ကထုတ်လုပ်ခဲ့တဲ့ Fixed Flash Game အဟောင်းအချို့ကို ပြင်လည်ပြုပြင်ပြီးထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ Neopets ‘new era’ ရဲ့ အသေးစိတ်အချက်အလက်များကို အောက်ပါ Video မှာ ဖော်ပြထားပါတယ်။

Video ထဲမှာ ၎င်းတို့ရဲ့ အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှု အချို့ကို အတိုချုံးဖော်ပြထားတာ တွေပါတွေ့ ရမှာဖြစ်ပါတယ်။ မကြာသေးခင်ဘဲ The Neopets Team (TNT) က World of Neopets လို့ခေါ်တဲ့ Mobile Game တစ်ခုကို ကြေညာထားပြီး Game ထဲမှာ မိမိက Virtual Pet တစ်ကောင်အနေဖြင့် ဝင်ရောက်ကစား ရမှာဖြစ်ပါတယ်။ အဆိုပါ ဂိမ်းကိုတော့ လာမယ့်နှစ်အစ မှာ စတင်ရန် စီစဉ်ထားကြောင်းသိရှိရပါတယ်။

Exit mobile version