NASA က အာကာသထဲ အသုံးပြုလို့ရမည့် စက်ရုပ်တီထွင်ရန် ကူညီ

NASA ဟာ Apptronik ကုမ္ပဏီ၏ Apollo စက်ရုပ်အား လူသားနှင့် တူအောင်ဖန်တီးနိုင်ရေးမှာ ပါဝင်ကူညီပေးမှာ ဖြစ်ကြောင်းသိရပါတယ်။ NASA ကူညီမည့် Apptronik ၏ နောက်ဆုံးထုတ် Apollo စက်ရုပ်ကို အာကာသထဲတွင် လူသားတွေနေရာမှာ အစားထိုးနိုင်သည်အထိ တီထွင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

လူသားနှင့် တူသည့်စက်ရုပ်များကို စက်ရုပ်ကုမ္ပဏီတော်တော်များများက ပြီးခဲ့တဲ့ နှစ်တွေထဲက စမ်းသပ်တီထွင်နေကြပြီး Apptronik ၏ စက်ရုပ်တွေက နာမည်အကြီးဆုံးလို့ ပြောရမှာပါ။ Apollo နှင့် ပတ်သက်ပြီး တိကျတဲ့ ဓာတ်ပုံတွေမရှိပေမယ့် CNET သတင်းဌာနက YouTube မှာ တင်ထားတဲ့ Video ကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ်။

Humanoid Robot Video (from CNET)

Apptronik ၏ CEO Jeff Cardenas ပြောပြမှုအရ Apollo ဟာ သူတို့ အရမ်းတည်ဆောက်ချင်နေတဲ့ စက်ရုပ်တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။ Apollo ကို ဒီနှစ်အကုန်လောက်မှာ preorder တင်နိုင်မှာဖြစ်ပြီး 2024 မှာတော့ စတင်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Exit mobile version