Ironman မျက်မှန်ကိုချွတ်ပြီး nanotechnology suit ဝတ်သွားတဲ့ ဇာတ်ဝင်ခန်းကို လူတိုင်းတွေ့ဖူးကြမှာပါ။ Nanotechnology ကို ယနေ့နယ်ပယ်တော်တော်များများမှာ အသုံးပြုနေကြပါပြီ။ မြန်မာလိုတစ်နည်းအားဖြင့်ပြောရရင်တော့ အရာ၀တ္ထုတွေကို ချုပ်ပြီးသေးအောင်လုပ်ထားတဲ့ နည်းပညာတစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီနည်းပညာကို သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာတွေအသုံးပြုကြပါတယ်။ ဆေးဝါးနယ်ပယ်မှာလည်း ဆရာဝန်တွေ အသုံးပြုနေကြပြီဖြစ်ပါတယ်။ သာမန်လုပ်ရိုးလုပ်စဉ် လုပ်နေကျနေရာမှာ ဒီနည်းပညာကိုအစားထိုးလိုက်ခြင်းကြောင့် အချိန်ကုန်သက်သာစေပြီး အလုပ်များစွာပြီးစေပါတယ်။
Electronics နယ်ပယ်
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/08/nanoelectric.jpeg)
Electronics ပစ္စည်းတွေမှာရှိတဲ့ transistors, memory chipsets နှင့် solar cells တွေကို ထုတ်လုပ်တဲ့အခါမှာ nano နည်းပညာတွေကို အသုံးပြုကြပါတယ်။ သေးငယ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ နည်းပညာတွေဖြစ်ပါတယ်။
Energy စွမ်းအင်ပိုင်း
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/08/Use-of-Nanotechnology-in-Solar-Energy-2.jpeg)
ဆိုလာ(ဆဲလ်)၊ လောင်စာဆီ နှင့် ဘက်ထရီ(ဆဲလ်) တွေ စွမ်းအင်ကိုပိုမိုသိုလှောင်နိုင်ပြီး စွမ်းဆောင်ရည်ကောင်းလာအောင် လုပ်တဲ့နေရာမှာ nano နည်းပညာတွေကို အသုံးပြုကြပါတယ်။
Biomedicine (ဇီ၀ဆေးဘက်ဆိုင်ရာ)
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/08/biomedicine-.png)
ကင်ဆာလိုရောဂါ ကုသဖို့အတွက် နှင့် လူတစ်ယောက်ရဲ့လက် ရောက်ရှိဖို့ ခက်ခဲတဲ့နေရာတွေမှာ Nano နည်းပညာကို အသုံးပြုကြပါတယ်။ ဥပမာ အစာအိမ်မှန်ပြောင်းကြည့်တဲ့နေရာနှင့် ကင်ဆာရောဂါတွေကို ကုသတဲ့ နေရာတွေမှာ nano နည်းပညာကို အသုံးပြုကြပါတယ်။ Elon Musk ရဲ့ nuralink chipset တွေမှာလည်း nano နည်းပညာတွေကို အသုံးပြုထားပါတယ်။
Environment (သဘာ၀ပတ်ဝန်းကျင်)
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/08/Research-Intro.png)
သဘာ၀ပတ်ဝန်းကျင်မှာ ညစ်ပတ်နေတဲ့ ချောင်းမြောင်းအင်းအိုင်တွေကို သန့်စင်တဲ့အခါမှာ nano နည်းပညာတွေကို အသုံးပြုကြပါတယ်။ ဥပမာ ရေကန်သန့်စင်ဖို့၊ ရေညှိမတက်ဖို့အတွက် chemical တစ်မျိုးမျိုးအသုံးပြုပြီး သန့်စင်တာမျိုးပါ။ သေးငယ်တဲ့ molecule တွေမှာပါဝင်တဲ့ အရာတွေက ဓါတ်ပြုပြီး သန့်စင်သွားအောင်လုပ်တာမျိုး ဖြစ်ပါတယ်။
Food (အစားအသောက်)
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/08/Edible_Packaging_in_Food_and_Pharmaceutical_Market_Inkwood_Research.jpg)
အစားအသောက်တွေမှာလည်း nanotechnology ကို အသုံးပြုကြပါတယ်။ ဥပမာ အာကာသမှာ စားသောက်မယ့် အစားအသောက်တွေကို ဝိတ်ပေါ့အောင်လုပ်ထားပြီး ထုတ်ပိုးထားတာမျိုးနှင့် အဟာရတွေကို သိုလှောင်ထားတာမျိုးတွေမှာ nano technology ကို အသုံးပြုကြပါတယ်။
အဝတ်အထည်
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/08/ImageForArticle_3931_448162390369560168571.jpeg)
အဝတ်အထည်တွေမှာလည်း nano နည်းပညာတွေကို အသုံးပြုကြပါတယ်။ အစွန်းအထင်းအလွယ်တကူမထင်အောင်နှင့် ရေစိုခံနိုင်ဖို့နှင့် မီးအလွယ်တကူမလောင်အောင် nano နည်းပညာတွေအသုံးပြုကြပါတယ်။ အခုဖော်ပြခဲ့တဲ့အရာတွေကို ခံနိုင်ရည်ရှိအောင် အသုံးပြုမယ့်အသားကို တီထွင်ထုတ်လုပ်ခြင်းအားဖြင့် အဝတ်အထည်တွေက လုံခြုံမှုရှိပြီး ကြာရှည်ခံနိုင်ပါတယ်။
စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းများ
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/08/fedb308f79e6a2653cc00dc9d5973f84.jpg)
ဒီနည်းလမ်းကတော့ nano နည်းပညာကို အဆိုးရွားဆုံးအသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ drone အသေးစားလေးတွေကို nano နည်းပညာနဲ့ထုတ်လုပ်ပြီး စစ်တိုက်ရာမှာ အသုံးပြာကြပါတယ်။
Discussion about this post