Scammer တွေကို စစ်ဆေးတဲ့ Fakespot Service ကို Firefox Browser မှာ ထည့်သွင်းပေးတော့မည်

Mozilla က မကြာတော့တဲ့အချိန်မှာ Fakespot Service ကို Firefox Browser မှာ ထည့်ပေးတော့မှာဖြစ်ကြောင်း Fakespot Founder Saoud Khalifah ရဲ့ ပြောပြမှုအရ သိရပါတယ်။

Fakespot Service ဟာ AI နည်းပညာကို အသုံးပြုထားပြီး သူ့ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ Online ပေါ်မှာ ဈေးဝယ်ထွက်သူတွေအတွက် Scam မထိရအောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။ Fakespot ကို Firefox Browser ရဲ့ Extension နေရာမှာ အသုံးပြုသူများက ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ Fakespot ကို Firefox Browser မှာ ထည့်သွင်းပြီး ဈေးဝယ်ထွက်မယ်ဆိုရင် မိမိရွေးချယ်လိုက်တဲ့ ပစ္စည်းမှာပြနေတဲ့ Reviews တွေ၊ Ratings တွေနဲ့ Comments တွေကို အလိုအလျှောက်စစ်ပေးကာ ဘယ်လောက်အထိ ယုံကြည်ရနိုင်လဲဆိုတဲ့ အဆင့်ကို အောက်ကပုံထဲကအတိုင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Fakespot Service in Firefox Browser

Mozilla ရဲ့ ပြောပြချက်အရတော့ Fakespot Service ကို ထည့်သွင်းရတဲ့ ရည်ရွယ်ချက်ဟာ Online ဈေးဝယ်သူတွေကို Scam ထိတာနည်းစေချင်ယုံမဟုတ်ပဲ၊ Scam ထိလို့ ပစ္စည်းကို ပြန်ပို့ရာမှာ ထုတ်ပိုးမှုတွေ၊ သယ်ယူမှုတွေကနေ ဖြစ်ပွားလာတဲ့ ကမ္ဘာကြီးအတွက် ဆိုးကျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ Mozilla က Fakespot Service ကို Firefox Browser တစ်ခုမှာတင်မဟုတ်ပဲ Chrome၊ iOS နဲ့ Android အစရှိတဲ့ အခြားသောနေရာတွေမှာပါ Extension အဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

Exit mobile version