Microsoft Word တွင် Zoom In ၊ Zoom Out လုပ်လို့ရတော့မည်

Microsoft Word

Microsoft 365 Insider program ရဲ့ Microsoft Word လုပ်ဆောင်ချက်မှာ Zoom In နဲ့ Zoom Out လုပ်လို့ရမယ့် Shortcuts တွေကို ထည့်ထားပေးလိုက်ပြီလို့ Microsoft က ကြေငြာထားပါတယ်။

Microsoft 365 ကို Update တင်လိုက်ရင် Word အသုံးပြုတဲ့အခါ Windows တွေမှာ Control နှင့် + ကိုတွဲနှိပ်ရင် Zoom In ဖြစ်ပြီး Control နှင့် – ကတော့ Zoom Out ဖြစ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Control ကို ဖိထားကာ Mouse wheel ကို scroll လုပ်ရင်လည်း Zoom In နဲ့ Zoom Out လုပ်လို့ရမှာ ဖြစ်ပါတယ်။ MacOS တွေအတွက်ကတော့ Control Key နေရာမှာ Command Key ကို နှိပ်ပြီး သုံးရမှာ ဖြစ်ပါတယ်။

Zoom In ၊ Zoom Out shortcuts တွေအပြင် Pastes နဲ့ ပတ်သက်တဲ့ key ကိုလည်း ပြောင်းထားတယ်လို့ သိရပါတယ်။ Pastes လုပ်ချင်ရင် အရင်လို Control+V လောက်နဲ့ မရတော့ပဲ Control+Shift+V (MacOS – Cmd+Shit+V) ကို နှိပ်မှ ရမှာဖြစ်ပါတယ်။ အခု ပြောပြခဲ့တဲ့ functions တွေကို Microsoft 365 Insider program မှာတော့ စတင်အသုံးပြုလို့ရနေပြီး Windows တွေအတွက် Word Version 16.0.15831.20174 (သို့) နောက်ပိုင်း Version မှာ ရမှာဖြစ်ပြီး MacOS က Word Version 16.67.1113.0 (သို့) နောက်ပိုင်း Version တွေမှာ သုံးလို့ရမယ်လို့ ပြောထားပါတယ်။

Exit mobile version